အပိုင်း(၄)

1.6K 94 1
                                    

မောင်နေကောင်းပြီး ကျောင်းပြန်တက်တဲ့ရက်မှာ မောင့်အတွက် ကံကြမ္မာဆိုးက တဖန်ဝင်ရောက်ခဲ့သည်။

"ဟဲ့...မုန်တိုင်း ငါ့ကို မုန့်လိုက်ဝယ်ကျွေး"

"ငါ့မှာ ပိုက်ဆံမရှိဘူးဟ နင်မုန့်စားချင်ရင် ငါ့အိမ်က ထည့်ပေးလိုက်တဲ့မုန့်ယူစားလေနော်"

"နင် သူဌေးအိမ်မှာ နေနေတာဆို မုန့်ဖိုးလေးတောင် မရဘူးလား"

"မေမေက ပေးပါတယ်ဟ ငါကမယူတာ"

"ဒီနေ့တော့ ထားလိုက် မနက်ဖြန်ကစပြီး နေ့တိုင်းယူခဲ့"

"---"

အရင်က ပေးတယ်ဆိုပေမယ့် အခုတောင်းမှ မပေးတော့ရင် ဘယ်လိုလုပ်မလဲ။မေမေများ ငါ့ကို စိတ်ပျက်သွားမလား မမနားပဲ တိတ်တိတ်လေးတောင်းရအောင်လည်း မမမုန့်ဖိုးက ဘယ်လောက်ရမှန်းမသိ နည်းနည်းလေးရလို့ ငါ့ကိုပဲ ပေးပြီး သူ

မသုံးလိုက်ရရင် အို... ကျောင်းပဲထွက်လိုက်ရမလား စိတ်ညစ်လိုက်တာ.....

ကျောင်းဆင်းချိန် ခေါင်းငိုက်စိုက်ချကာ ကျောင်းပေါက်ဝနားထိ လျှောက်လာမိခဲ့သည်။

"မောင်...မောင်ရေ..."

"မောင်ကလေးရေ"

လူပျောက်ရှာသလို အော်ခေါ်နေသော်လည်း မောင်က တချက်မှ လှည့်မကြည့်လာပါ မောင်များ နေမကောင်းပြန်ဖြစ်သလား ဆိုတဲ့စိတ်နဲ့ မောင့်နောက် ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် အပြေးလိုက်လာမိသည်။

"မောင်!"

"နေမကောင်းလို့လား"

"ကောင်းပါတယ်မမရဲ့ "

မောင့်မျက်နှာလေးဟာ တစ်ခုခုကို စိုးရိမ်နေတဲ့ အရိပ်အယောင်တွေ မောင်မဖြေချင်တဲ့ ကိစ္စတွေဆို ကျွန်မ အတင်းဇွတ်မမေးချင်တာနဲ့ပဲ အိမ်ပြန်ဖို့ ကားပေါ်တက်လာခဲ့ရသည်။ သူသူနဲ့လည်း ကျောင်းပေါက်ဝတင်ပဲ လမ်းခွဲခဲ့သည်။

----------

ကျွန်မကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေပေမယ့် မောင်က ကျောင်းယူနီဖောင်းတောင် မလဲသေးပါ။

"မောင်...ကျောင်းမသွားဘူးလား"

"သွား...သွားမှာပါ...ဟိုလေ မေမေ မောင့်ကို ဒီနေ့ကစ မုန့်ဖိုးပေးလို့ရမလားဟင် ၂၀၀လောက်ဆိုရင် ရပါပြီ"

မုန်တိုင်းWhere stories live. Discover now