Chapter - 3

651 59 8
                                    

[ Unicode version ]

“ရှမျိုးရိုးလူဆိုးကောင်!!!”

မနက်စောစောစီးစီး ကိုကို့အော်သံက အခန်းတစ်ခုလုံးကိုပဲ့တင်ထပ်လို့သွားသည်။ ဘာလို့လဲဆိုရင် မနက်မိုးလင်းတဲ့ထိ ရှကျစ်ကွမ်းက ကိုကို့ ကိုဟိုထိဒီထိလိုက်လုပ်နေတာမို့ပင်။

“ကိုကိုကလည်း ကျွန်တော်လိမ်မာတာသိရဲ့သားနဲ့”

ပြောရင်းနဲ့ ရှကျစ်ကွမ်းလက်က ကိုကို့လည်တိုင်‌တွေဆီရောက်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အရှေ့တိုးပြီးနမ်းလိုက်တာမို့ ကိုကိုက ကျစ်ကွမ်းကိုအတင်းတွန်းထုတ်ပါတော့သည်။

“တော်တော့!! သွားရေချိုး‌ခန်းထဲ!”

“တူတူချိုးမယ်လေ!”

ကျစ်ကွမ်းက ကိုကို့သိမ်းကြုံးဖက်လိုက်ပြီး ကိုကို့ပုခုံးပေါ်မေးတင်လို့ပြောလိုက်ခြင်းဖြစ်ရာ ကိုကိုကတော့ ကျစ်ကွမ်းစကားကြောင့် နားရွက်လေးတွေနီလာပြီး ကျစ်ကွမ်းရဲ့ဗိုက်ကို တစ်ချက်ထိုးပစ်ပါတော့သည်။ အားမပြင်းတာသိသာပေမယ့် ကျစ်ကွမ်းကတော့ အမူအယာပိုပြပါတယ်။

“အားးကိုကို..!နာသွားပြီ”

မျက်မှောင်ကိုကြုံ့ပြီး နှုတ်ခမ်းကိုဆူကာ စိတ်ဆိုးချင်‌ယောင်ဆောင်ပြီး တစ်ဖက်ကိုလှည့်လိုက်သည့်အခါ ကျစ်ကွမ်းရဲ့ထောင်ချောက်ထဲကို ကိုကိုဟာ အကာအကွယ်မရှိဝင်ရောက်လာပါတော့သည်။

“ကွမ်းကွမ်း...အရမ်းနာသွားလို့လား”

“......”

“ကိုကိုက စလိုက်တာပါ ကွမ်းကွမ်းရဲ့”

ကိုကိုက ကျစ်ကွမ်းနားကိုတိုးလာသည့်အခါ ကျစ်ကွမ်းကဘာမှမပြောဘဲ ကိုကို့အားလက်မောင်းကနေကိုင်ဆွဲကာတစ်ဖက်ကိုတွန်းလှဲချလိုက်ပြီး ကိုကိုထပ်ပြီးစကားပြောလို့မရအောင် တင်းတင်းကလေးနမ်းပစ်လိုက်သည်။

ကျစ်ကွမ်းရင်ဘတ်ကို‌ဖြည်းဖြည်းကလေးထုနေတဲ့ ကိုကို့လက်သီးဆုပ်လေးတွေကိုလည်း ကျစ်ကွမ်းက ပြန်ဆုပ်ကိုင်လိုက်ပြီး နမ်းနေတာကိုလုံးဝမလွှတ်ပေးတော့ပါ။

ပြီးတော့ အဲ့ဒီအတိုင်းနမ်းနေရင်းနဲ့ ကျစ်ကွမ်းက ကိုကို့အားပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲကိုခေါ်သွားလိုက်သည်။ ဒီလိုနဲ့ပဲ ကိုကိုကတော့ ကျစ်ကွမ်းဆန္ဒကိုတိတ်တိတ်ကလေးလိုက်လျောခဲ့ရပါတော့သည်။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now