Royal Omega Become My Mate
__________________________________" ဒီနေ့အတွက် ဒီလောက်ဆိုလုံလောက်ပြီ.. Min .."
" ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံကင်မ်.."
ချွေးစတို့ကပ်ငြိနေတဲ့မျက်နှာနုနု၊ ထုံးဖွဲ့စည်းနှောင်ထားတဲ့ဆံနွယ်တွေက လှုပ်ရှားမှုကြောင့် ဖရိုဖရဲဖြစ်နေပုံက Min အလှကိုပို၍ပင်ပန့်ပိုးပေးနေသည်။ ထိုအလှတရားလေးကို ကြည့်နေမိရင်းကနေ စိတ်မထိန်းနိုင်စွာပဲ ပါးပြင်ကဆံနွယ်တစ်ချို့ကို နားနောက်သို့သပ်တင်ပေးလိုက်မိသည်။ အံ့အံ့သြသြကြည့်လာတဲ့မျက်လုံးလေးတွေကြောင့် ထယ်ယောင်းအသိစိတ်လွတ်သွားရပြန်သည်။
ဆံနွယ်ကိုနားနောက်သို့ သပ်တင်ပေးပြီး ပါးပြင်နုနုကိုကိုင်တွယ်လိုက်မိတော့..
" အိမ်..အိမ်ရှေ့စံကင်မ်... "
တဖက်မှ ထစ်ထစ်အအစကားသံတစ်ချို့ကိုကြားလိုက်တော့မှ အသိပြန်ဝင်တော့သည်။
"Min ကိုယ်တောင်းပန်ပါတယ်..မင်းကိုမလေးစားသလိုပြုမူမိသွားတယ်.."
" Min ..ရ..ရပါတယ် "
" ကိုယ်..တကယ်... မင်းရဲ့အလှမှာ နစ်မြောသွားလို့ပါ.."
" ဟင်! ဟို..Min... "
ပန်းနုရောင်သန်းနေတဲ့မျက်နှာနုနုကို ထယ်ယောင်းဆက်မကြည့်ရဲတော့သဖြင့် အကြည့်လွှဲလိုက်ရသည်။ Min က ရုန်းထွက်ဖို့ခက်တဲ့ နွံလှလှလေး...။
" ကိုယ်သွားတော့မယ်..မနက်ဖြန်အစမ်းလေ့ကျင့်ရေးမှာ အဆင်ပြေပါစေ.."
" ဂရု..ဂရုစိုက်သွားပါ အိမ်ရှေ့စံကင်မ်..."
ခပ်မြန်မြန်ပင်ထွက်သွားတဲ့ အိမ်ရှေ့စံကင်မ်ကြောင့် ကျန်ခဲ့ရသူ Min မှာ မျက်နှာပူမိရင်း။ အိမ်ရှေ့စံကင်မ်ထွက်သွားပြီဖြစ်ပေမယ့် Min ဆက်လေ့ကျင့်ဖို့စိတ်ကူးမိ၏။ မနက်ဖြန်အစမ်းလေ့ကျင့်ရေးမှာ Min အောင်အောင်မြင်မြင်ကျော်လွှားနိုင်စေဖို့..။
" Min!! မင်းကိုယ့်ကိုသစ္စာဖောက်ဖို့စိတ်ကူးနေတာလား!! "
နောက်ပါးမှခပ်မာမာအသံထွက်ပေါ်လာတော့ Min ကိုယ်လေးတောင့်ခနဲ။ ပြီးနောက် ဟိုတစ်နေ့ကအဖြစ်အပျက်တွေကို အစီအရီသတိရမိသွားတော့ သူနဲ့မျက်နှာချင်းမဆိုင်ချင်။ ဘာကြောင့်များ လွယ်လွယ်ပါသွားမိရတာလဲ။ Mate ဖြစ်ပြီးသားတွေဆိုသည့်အချက်ကလဲရှိနေတော့ ရုန်းမထွက်နိုင်တာကအဆန်းတော့မဟုတ်ပါ။
YOU ARE READING
Royal Omega Become My Mate [Completed]
Fiksi Penggemar" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."