"သားရေ အမေတို့ သင်္ကြန်ကျရင် အမေသူငယ်ချင်း အိမ်ကိုလာလိမ့်မယ်"
"ဟုတ်အမေ သားသွားကြိုခိုက်မယ်"
"အခု သားသွားပြီ"
သားလေးကို အမေမေတ္တာရော အဖေမေတ္တာရော ပေါင်းကာ ပြုစုပြိုးထောင်ထားတာ အခုဆိုအရွယ်ရောက်လာလို့ ဆရာဝန်တောင် ဖြစ်လာပြီ အမေကို သားပြန်ပြီး ရှာကျွေးမယ်တဲ့
အမေအတွက် ဝမ်းသာပီတီဖြစ်ရတယ် ဒါပေမဲ့ အမေရဲ့ငယ်အကျင့်က မပျောက်သေးဘူးထင်ပါရဲ့ သားကို အမေ လင်ပေးစားချင်တာ တစ်ပိုင်းသေနေပြီ
အဖေလည်း လင်ရတော့မလို့ သီးသီးလေးလွှတ်ပြီး အမေနဲ့ရတာ ကျောင်းမှာဆို အမေနဲ့ သူငယ်ချင်းပေါင်းပြီး အခန်းထဲကလူတွေကိုTypeခွဲ ပေးစား ညားတဲ့အတွဲလည်း ရှိပါတယ်
မနက်ဖြန်လာမှာက အမေနဲ့ ပေါင်းဖော်ပေါင်းဖက် သူငယ်ချင်းလေး မစန္ဒာနဲ့သားက မြို့ကိုလာမှာတယ် သူအဖိုးရှိတဲ့ ရွာကို ပြောင်းသွားကြတာ
သားကို မိန်းမမပေးစားချင်ဘူး မိန်းမတွေက ကောက်ကျစ်တယ်သားရယ်
"အမေလေ ဖြစ်နိုင်ရင် သားကို လင်မြန်မြန်ပေးစားချင်တာ အမေဆန္ဒပါသားရယ်"
တီ တီ
"ဟယ်လို မစန္ဒာ ဘာပြောမလို့လဲ"
"ဒီလိုလေ ခမည်းခမက်ရယ်"
"ဘာ ခမည်းခမက် ငါမှာသားဘဲရှိတာ သမီးမရှိဘူး
"အော် ငါတို့အရင်ကလိုဘဲ မဟုတ်လား"
"ဟုတ်တယ်လေ"
"ဒီလို နင့်သားဟိန်းသူရကို ငါသားမင်းစန္ဒာဟိန်းနဲ့ ပေးစားချင်လို့ သဘောတူလား"
"အေ အဲကိစ္စ ငါလည်းပြောမလို့ အကြံတူသွားပြီ ဟဲ ဟဲ"
"အရင်ကအတိုင်းဘဲ မနက်ဖြန်လာခဲ့မယ် ငါသားရော သူကိုတော့မပြောရသေးဘူး"
"အေး ခမည်းခမက် Bye bye"
တီ တီ
"အို ငါမျက်နှာဘာလို ပြုံးဖြီးနေရတာလဲ ငါသားက အောက်က ဖြစ်မယ်"
________________________________
"ဟယ်လို သားဟိန်း အန်တီတို့ ရောက်တော့မယ်နော် "

YOU ARE READING
ပိတောက်ပန်းလေးနဲ့ ချစ်ရသူ(Completed)(threeshot)
Romanceပိတောက်ပန်းလေးကို ချစ်ရသူနားထက်ဝယ် ပန်ဆင်ပေးမယ်