My Love is All for you

1.1K 83 0
                                    

Ring~Ring~Ring~

ဖုန်းသံဟာကျယ်လောင်စွာ အဆက်မပြတ်မြည်နေတာမလို့ Wonwoo အိပ်ချင်မူးတူးဖြင့် ဖုန်းကိုကိုင်လိုက်ကာ...

"Hello~"

"ကိုယ်ပါ နိုးနေပြီလား"

"ဟင့်အင်း အိပ်နေတုန်းလေ"

"နေ့လည်တောင်ရောက်တော့မယ် အိပ်ယာထတော့လေ"

"အလုပ်အားတဲ့ရက်လေးပဲ အိပ်ရေးဝအောင်အိပ်ရတဲ့ဟာကို"

"ဟုတ်ပါပြီ ခုအိပ်ယာကထတော့နော် လိမ္မာပါတယ်"

"အင်း... ခုထပြီ"

"ဒါဆို ကိုယ်ဖုန်းချလိုက်တော့မယ်နော် shootingပြန်စတော့မှာမလို့....နေ့လည်စာလည်းစားဖြစ်အောင်စားလိုက်နော် ကိုယ်ပြင်ဆင်ပေးထားခဲ့တယ်"

"အင်းပါ shootingမှာလည်းဂရုစိုက်ဦးနော်"

"ကောင်းပါပြီ ကိုယ်ဖုန်းချပြီနော် ချစ်တယ်"

"တူတူပဲ ချစ်တယ်"

တစ်ဖက်ကဖုန်းချသွားတော့မှပဲ Wonwooလည်းအိပ်ယာမှထကာ တစ်နေ့တာကိုစတင်လိုက်တော့သည်

"ဟူး တစ်နေကုန်လူမရှိတဲ့အိမ်ကြီးမှာ ဒီနေ့လည်းအချိန်ကုန်ရဦးမှာပေါ့လေ"

သူသည် သက်ပြင်းရှည်တစ်ခုချကာ ပြောပြီးမှ တစ်ခုခုကိုသတိရသွားပြီး

"အာ ဟုတ်သားပဲ ဒီနေ့ Jihoonနဲ့ ချိန်းထားတာရှိနေတာပဲ နောက်တောင်ကျတော့မယ်"

Wonwooသည်ပြင်ဆင်ပေးထား‌ခဲ့သောနေ့လည်စာကိုစားပြီးနောက် အလျင်အမြန်ပြင်ဆင်ကာ သူ့သူငယ်ချင်းနှင့် ချိန်းထားသောcafeသို့ ထွက်လာခဲ့လိုက်သည်

ခဏအကြာ~

"မင်းကလည်း နောက်ကျလိုက်တာ ခုပဲဖုန်းဆက်တော့မလို့"

"Sry အိပ်ယာထတာနည်းနည်းနောက်ကျသွားတယ်"

"မင်းဟာလေ အမြဲအဲ့လိုပဲ"

"ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတဲ့ဟာကို"

"တော်‌ပါ ပြောလိုက်ရင်အမြဲဒီအတိုင်းကြီးပဲ ရိုးနေပြီ ငါ့အတွက်"

"သိရင်ပြီးတာပဲ ဒီနေ့ငါ့ကိုဘာပြောစရာရှိလို့ချိန်းဝာာလဲ"

My Love is All for youWhere stories live. Discover now