Chapter(6)

281 14 0
                                    

သက်တန့်ကိုခေါ်သွားခဲ့သောနေရာက နယ်မြို့လေးတစ်ခုရှိ နန်းဆက်ပိုင်ဆိုင်သောခြံဝင်းကျယ်ကြီးတစ်ခုသို့ဖြစ်သည်။ထိုနေရာက လူသွားလာမှုသိပ်မရှိသဖြင့်သီးသန့်ဆန်သည်။

ခြံဝန်း၏အလယ်တွင်အဆောက်အဦးတစ်ခုရှိနေသည်။ထိုအဆောက်အဦးကခမ်းနားထည်ဝါသည်။သီးသန့်ဆန်သော နယ်မြို့လေးနှင့်မလိုက်ဖက်အောင် အတွင်းပိုင်းအပြင်အဆင်က ခေတ်မှီပြည့်စုံလွန်းနေခဲ့သည်။

"မင်းရဲ့ပန်းချီကားတွေအတွက် ဒီနေရာမှာအာရုံစိုက်နိုင်လိမ့်မယ်”

"ထင်တာပဲ နန်းဆက်”

သက်တန့်၏မသေချာမရေရာသောစကားကို နန်းဆက်က စိတ်ပျက်ဟန်ဖြင့် ခေါင်းခါလိုက်သည်။အရာရာတွင်ပျော့ညံ့လွန်းသောသက်တန့်ကိုကြည့်ရတာ နန်းဆက်အတွက် အဆင်မပြေပါ။သူမရဲ့ဒီလိုပုံစံကြောင့် နန်းဆက်မလုပ်ချင်သည့်အရာကိုလုပ်ခဲ့ရတာလေ။

သူမကို အိမ်မက်မြို့ဟောင်းသို့ မခေါ်ချင်ပဲခေါ်လာခဲ့ရတာ သူမညံ့ဖျင်းလို့.....။စဉ်းစားရင်း နန်းဆက် ဒေါသထွက်လာမိပြန်သည်။အဲ့ဒီဒေါသတွေအားလုံးကို သက်တန့်ပေါ်သို့ ပုံချလိုက်ဖို့ကြိုးစားမိသောအခါ သက်တန့်အတွက် ရက်စက်ခြင်းများဖြစ်ပေါ်လာခဲ့၏။

သက်တန့်ကို ကောင်းကောင်းကြီး သင်ခန်းစာပေးပစ်လိုက်မည်ဟု နန်းဆက်တွေးထားလိုက်သည်။သက်တန့်အတွက် နန်းဆက်ယူဆောင်လာသော သင်ခန်းစာတစ်ချို့က ဤသို့ဖြစ်လေသည်။

"မရေကူးတတ်လား ကလေးမ"

"မကူးတတ်ဘူး။သက်တန့်က ရေတွေကိုကြောက်တယ်။မွန်းကျပ်လွန်းလို့....."

သက်တန့်၏အဖြေကို နန်းဆက်က သဘောကျသွားဟန်ရှိ၏။သူမ၏မျက်နှာပေါ်တွင်ကျေနပ်နေသောခံစားချက်တစ်ချို့ကို သက်တန့်တွေ့လိုက်ရသည်။

"အဲ့ဒါက ကိုယ့်အတွက် တော်တော်လေး အဆင်ပြေတဲ့အချက်ဖြစ်လာလိမ့်မယ်။ကိုယ်နဲ့လိုက်ခဲ့"

နန်းဆက်က သက်တန့်ကို ရေကူးကန်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

"ကိုယ်တို့ ဒီရေအောက်မှာမွန်းကျပ်ခြင်းတွေကို ရှာဖွေကြရအောင်"

သက်တန့်မျှော်စင်💛Where stories live. Discover now