Chapter(8)

222 9 0
                                    

အိမ်ပြန်ရောက်သောအခါ သက်တန့်ရဲ့ပစ္စည်းများကိုသိမ်းဆည်းဖို့ ချက်ချင်းလုပ်ဆောင်လိုက်သည်။နန်းဆက်ကသက်တန့်ကို ဂရုမစိုက်ဟန်ဖြင့် ဘာမှမပြောပဲနေသည်။

အဲ့ဒီမိန်းမက သက်တန့်ထွက်သွားမှာကို ထပ်ပြီးမတားဆီးဘူးပေါ့။သက်တန့်ကျေနပ်အောင်ပြောဆိုနှစ်သိမ့်၍ ထွက်မသွားရန်တားဆီးမည်ဟုထင်မှတ်ထားခဲ့တာဖြစ်သည်။အခုတော့ နန်းဆက်ကသက်တန့်ကို ရှိနေသည်ဟုထင်မှတ်ဟန်တောင်မရပါ။

"ကိစ္စရှိလို့အပြင်ခဏသွားမယ် ကလေးမ။ဒီမှာပဲ‌နေပါ။ကိုယ်နဲ့ မပတ်သက်ချင်တော့ဘူးဆိုရင် စာချုပ်ကိစ္စကို လူကြီးလူကောင်းဆန်ဆန် စာရင်းရှင်းသင့်တယ်လို့ ထင်တယ်။ဒါကြောင့် ကိုယ်ပြန်လာတဲ့အထိ‌စောင့်နေပါ။ကိုယ်မရှိတုန်း ထွက်မသွားဘူးလို့ ယုံကြည်ပါရစေ"

နန်းဆက်က သူပြောချင်ရာပြော၍ ထွက်သွားခဲ့ပါ၏။သက်တန့်စိတ်ထဲက ကြိတ်၍ကျိန်ဆဲမိသည်။အဲ့ဒီလောက်အထိ ချေမိုးနေရသလား ဒေါ်နန်းဆက်ထည်ဝါ။သက်တန့်ကို ခခယယ တားဆီးလိုက်တော့ ရှင်ဘာဖြစ်သွားမှာမို့လို့လဲဟုတွေးမိသည်။

ဘယ်သူမှရှိမနေသည့်အဆောက်အဦးထဲတွင် သက်တန့်တစ်ယောက်ထဲ နန်းဆက်ကိုစောင့်နေခဲ့ရသည်။တဖြည်းဖြည်းနှင့် နန်းဆက်ထွက်သွားခဲ့သည်မှာ မနက်ကနေ ညနေသို့ပင် ရောက်ရှိလာခဲ့သည်။ညအတော်နက်သည်အထိ နန်းဆက်ပြန်ရောက်မလာသောအခါ စိတ်ပူမိသလိုရှိလာသည်။

သို့သော် သူမကိုစိတ်တိုနေသောအရှိန်ဖြင့် စိတ်ပူနေသောအတွေးကို ပြန်မောင်းထုတ်လိုက်သည်။အဲ့ဒီမိန်းမကို ဘာဖြစ်လို့စိတ်ပူ‌နေမလဲ.....ကိုယ်နဲ့မှမဆိုင်တာဟု သက်တန့်တွေးပစ်လိုက်သည်။

သို့သော် နန်းဆက်ပြန်အလာကို မျှော်နေမိသောအဖြစ်ကို သက်တန့်ထိန်းချုပ်မရခဲ့ပါ။ထိုစဉ်တွင် အိမ်ရှေ့၌ ရပ်တန့်လိုက်သော နန်းဆက်၏ကားကိုတွေ့လိုက်ရသည်။

သက်တန့်တွေ့လိုက်ရတာက ကား‌ပေါ်ကဆင်းလာသောနန်းဆက်၏ကိုယ်ပေါ်၌ပေကျံနေသော သွေးစတစ်ချို့ဖြစ်သည်။နန်းဆက်က သွေးပေနေသောနေရာကိုလက်ဖြင့်ဖိရင်းကားတံခါးကိုပိတ်လိုက်သည်။နန်းဆက်ထိခိုက်မိလာတာလားဟု သက်တန့်တွေးမိသည်။

သက်တန့်မျှော်စင်💛Where stories live. Discover now