[For Unicode]
"ခင်ဗျား....နေပေးပါလား?"
"ဟင်...ဘာလုပ်စေချင်တယ်......"
"ဟုတ် ကျေးဇူးပြုပြီး.."
ဟျွန်းဂျင်က သူ့အိမ်မှာနေဖို့ တောင်းဆိုနေတာကြောင့် ဘန်ချန်း ကြောင်စီစီဖြစ်သွားသည်။
"ဘာလို့...အဲလိုပြောတာလဲ?"
"ကျွန်တော်အခု မထနိုင်သေးဘူးထင်တယ်"
"အဲ့ဒါနဲ့....?"
"အနည်းဆုံးတော့ ကျွန်တော်ရေချိုးခန်းသွားချင်လို့ ကူတွဲပေးပါ"
"အဲ့ဒါဆို အဆင်ပြေပေမယ့် ပြီးရင် ပြန်တော့မယ်"
"မပြန်ပါနဲ့ဦး ကျွန်တော့်ကို ဂရုစိုက်ပေးမယ့်မေမေကလည်း အခု အနားမှာမရှိဘူး"
"အန်တီ အခုဘယ်မှာလဲ?"
"မေမေက နယ်ပြန်သွားလို့ နှစ်ရက်လောက်နေမှ ပြန်ရောက်မှာ"
"အင်းး အိုခေလေ....."
"ဒါဆို ခင်ဗျားနေမှာလား?"
"အမ်... မသိသေးဘူး"
"ကျေးဇူးပြုပြီး နေပေးပါ အကို....."
"အကို...?"
လှပသောမျက်ဝန်းများဖြင့် သူ့ကိုမျှော်ကိုးပြီး ကြည့်နေတဲ့ဟျွန်းဂျင်အကြည့်တွေကို ဘန်ချန်း ရှောင်ဖို့ ကြိုးစားသည်။
"ငါ့မှာ လုပ်စရာတွေ အများကြီးရှိတာ မင်းသိတယ်မလား... အင်း"
ဟျွန်းဂျင် ထပ်ပြီး ဘန်ချန်းကို ထိုအကြည့်တွေနဲ့ ထပ်ကြည့်ပြန်သည်။
"အင်း....ကောင်းပြီ ငါနေမယ်"
ဟျွန်းဂျင် ပြုံးနေချိန် ဘန်ချန်း သူ့ခေါင်းကို ကုတ်လိုက်သည်၊ သူ့ crush အိမ်တွင် ညအိပ်နေဖို့ မမျှော်လင့်ခဲ့တာအမှန်။
"အမ်...အာ့ဆို ငါ မင်းအဝတ်တွေ ငှါးလို့ရမလား?"
"ရပါတယ် ဗီရိုထဲကနေ ကျွန်တော်ယူပေးပါ့မယ်"
"ရတယ် ရတယ် အေးဆေးနေ ငါဘာသာငါယူမယ် မင်းဒီမှာပဲနေ ဘာမှမလုပ်နဲ့"
"ဒါပေမယ့် ငါရေချိုးခန်းသွားချင်တယ်"
"ဒါဆို မင်းအကူအညီလိုရင် ငါကူညီမယ်"
YOU ARE READING
𝙏𝙝𝙚 𝘼𝙧𝙩 𝙤𝙛 𝙁𝙞𝙣𝙙𝙞𝙣𝙜 𝙔𝙤𝙪
Teen Fiction"ဟျွန်းနီဘေဘီ" "ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?" "မင်းလေ" "ကျွန်တော်က ခင်ဗျားရဲ့ ဘေဘီမဟုတ်ဘူး"