Part1🔞

30K 124 5
                                    

တံခါးထောင့်တစ်နေရာမှာ သနားစရာကလေးမလေးတစ်ယောက်။

မိမိ၏ဖခင်ဖြစ်သူနဲ့ မိန်းမတစ်ယောက်၏လိင်ဆက်ဆံနေခြင်းကို တိုးတိတ်စွာရပ်ကြည့်နေခဲ့တယ်။ မထိန်းနိုင်စွာကျလာတဲ့ မျက်ရည်တေကိုမသိအောင်သုတ်ပြီး ရှိုက်သံမထွက်ခင်အမြန်ပြေးထွက်လာခဲ့သည်

ထိုကာမစိတ်တေကြွတာ ပတ်ဝန်းကျင်တောင်မမြင်နိုင်ဖြစ်နေတဲ့အမျိုးသားက သူမအရမ်းချစ်ရလွန်းတဲ့ ဖေဖေ တဲ့ ....

ထိုဖြစ်ရပ်များက အသက်၈နှစ်အရွယ်သာရှိသေးသော ကလေးမလေးအတွက်စိတ်ဒဏ်ရာများသူမ၏အတွေးထဲတွင် ထိုမိန်းမအားရွံရှာမုန်းတီးမှုများနှင့် မိမိ၏ဖခင်ဖြစ်သူအား စိတ်နာမှုများသာ
...........................................................................

စိုစွတ်နေတဲ့ အထိအတွေ့ကြောင့် ငယ် နိုးလာခဲ့သည် ဟူးထုံးစံအတိုင်းပါပဲ ငယ့်ရဲ့မနက်တိုင်းဟာ မျက်ရည်များနှင့်..။
သူမ အခန်းပြင်ကိုထွက်လိုက်သည်နှင့် တခစ်ခစ်ရီနေကြသော သူမ၏ဖေဖေနှင့်ထိုမိန်းမ

သူမမျက်မှောင်ကြုတ်လိုက်သည်....။

ထိုရီသံများကိုသူမမုန်းသည်။ ထိုမိန်းမကြောင့်သူမ မေမေသေခဲ့ရသည်ကို...။

မေမေရက်လည်တောင်မရောက်သေးဘူး ထိုမိန်းမကိုလက်ထက်ခဲ့သော ဖခင်ဖြစ်သူကိုငယ်အရမ်းမုန်းတယ်။

''အို့ သမီးလေးနိုးပြီလား အမေ မနက်စာချက်ထားတယ်နော် စားသွားလိုက်'ဉီး''
မျက်နှာပြောင်တိုက်လွန်းတဲ့မိန်းမပဲ သူမချက်တာလား ရွံတာ။ သူမစိတ်ထဲမှဆိုလိုက်သည်

''အမေလို့မပြောပါနဲ့ ရှင်က ကျမအမေမဟုတ်ဘူး''

''သမီးရယ် အာ့လိုမဟုတ်ပါဘူး သမီးမကြိုက်ရင်မခေါ်ပါနဲ့နော်''
မျက်ရည်စမ်းစမ်းနဲ့ ထိုမိန်းမက ဆိုသည်

''တောက်!! ငယ်လွန်း!! မြ ကနင့်အမေဘဲ နင့်သေသွားတဲ့အမေထက်အများကြီးကောင်းတယ်။
နင်အရမ်းရိုင်းဆိုင်းနေတာပဲ ငါနင့်ကိုအာ့လိုမဆုံးမထားဘူး။ နင့်အမေပဲဒီလိုဆုံးမထားတာနေမှာပေါ့ ဒီစောက်မျိုးက ဒီတိုင်းပဲလာမှာ''

ဖေဖေ့ရဲ့စကားကြောင့် ငယ် လက်ကိုကျစ်ကျစ်စုတ်လိုက်သည်

သူမရဲ့အနားယူနေသောမေမေ့ကိုပါထည့်ပြောသောဖေဖေ့ကိုနားမလည်နိုင်အောင်ဖြစ်ရသည်

YOU HURT MEWhere stories live. Discover now