하나

533 47 21
                                    

'ထာဝရ' ဆိုတာ 'မရှိခြင်း' လို့ ခံယူထားတဲ့ ဝန်ယောင်းက ဘယ်တုန်းကမှ ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ဆိုတဲ့ အဆုံးသတ်တွေကို မယုံကြည်ခဲ့ဖူးချေ။

~ × ~

အလင်းနဲ့ အမှောင် ၊ အကောင်းနဲ့ အဆိုး ၊ အမှားနဲ့ အမှန်က ဒွန်တွဲနေသလိုမျိုး အရာရာမှာ ကောင်းကျိုးရှိသလို ၊ ဆိုးကျိုးလည်းရှိသည်။

ကျန်းမာရေးအတွက် ဆေးသောက်လျှင်တောင် ဘေးထွက်ဆိုးကျိုးဆိုတာ ရှိစမြဲမို့ သိပ္ပံနည်းပညာတွေတောင် လောက သဘာဝကို ကျော်လွန်နိုင်ဟန်မတူပါ။

သိပ်ကိုလှပါတယ်လို့ အကုန်လုံးက ​ချီးကျူးတာခံရတဲ့ ဝန်ယောင်းဟာ Beauty Privilege တွေလည်း အများအပြားရခဲ့သလို ၊ လှပလွန်းတဲ့ ရုပ်ရည်ကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေလည်း မနည်းခဲ့ချေ။

ဂျန်လုပ်ငန်းစုရဲ့ သမီးအငယ် သူဌေးသမီး လှလှလေးက ကျောင်းတွင်းအကြမ်းဖက်မှု ခံရပါတယ် ဆိုရင် ဘယ်သူတွေ ယုံပေးကြပါမည်နည်း။

ပြန်မတွးချင်လောက်အောင် ဆိုးရွားလွန်းတဲ့ အဖြစ်အပျက်တချို့ကို ရင်ဆိုင်ပြီးနောက်မှာ ဝန်ယောင်းမလှချင်တာ့ပါ။

~ × ~ 

သူများနဲ့ မတူအောင် လူပင်လယ်ထဲမှာ ထင်းထွက်ကာ ထူးခြားနေတဲ့ ရုပ်ရည်က ဝန်ယောင်း အကြမ်းဖက်ခံရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်ခဲ့သည်။

သမင်လည်ပြန်ငေးကြည့်ရမဲ့အလှမျိုးကို ပိုင်ဆိုင်ထားရသည့် ဝန်ယောင်းကို နှစ်သက်ကြသည့် ယောကျ်ားလေးတွေမှာ မနည်းမနော။ ထိုအထဲမှာ တစ်တန်းလုံးက မင်းသားလေးလို့ တင်စားခေါ်ဝေါ်ကြသည့် ကောင်လေးလည်း ပါဝင်ခဲ့သည်။

" James က တကယ်ပဲ နင့်ကိုကြိုက်တယ် ထင်နေတာလား ! "

" သောက်ရူးပဲ ဂျန်ဝန်ယောင်း "

" ရုပ်လေးလှနေတာကိုက နင့်အပြစ်ပဲ "

" ငါသိချင်တယ် ၊ နင့်ရဲ့ ဒီမျက်နှာ စုတ်ပြတ်သွားတဲ့ နေ့ကျရင်ရော James က နင့်ကို သဘောကျအုံးမလားဆိုတာ "

" ဒါမှမဟုတ် နင့်ရဲ့ အဝတ်စလစ်ဖြစ်နေတဲ့ Video ကိုတင်လိုက်ရမလား ! ဒါဆိုရင် James က နင့်ကို ဖာသာသာပဲ ဆက်ဆံတော့မယ် ထင်တယ် "

Live here in the moment [ Completed ] Where stories live. Discover now