Ch-2 : ထွက်ခွာခြင်း။

1K 97 0
                                    


Ch-2 : ထွက်ခွာခြင်း။

"ထားလိုက်တော့၊ငါပြန်လို့မှမရပဲ၊ဒီပြဿနာကို အရင်ဖြေရှင်းကြရအောင်။" မှုခင်းဆရာဝန်တစ်ဦး၏ ကျွမ်းကျင်မှုသည် ယင်ထောင် အား အကျပ်အတည်းတစ်ခု ရင်ဆိုင်ရချိန်တွင် ထူးထူးခြားခြား ငြိမ်သက်သွားစေသည်။

ခဏလောက်စဉ်းစားပြီးနောက် ယင်အိမ်ကနေ အရင်ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ယင်ထောင် သည် ယခု ရဲစခန်းတွင် အလုပ်သင်တစ်ဦးဖြစ်နေပြီဖြစ်သောကြောင့် အိပ်ဆောင်လျှောက်ထားနိုင်သည်။

"ဇာတ်လိုက်မင်းသမီးရဲ့လမ်းမှာ ငါပြသာနာမရှာသရွေ့ ဒီလိုတွေဖြစ်လာမှမဟုတ်ဘူး ..." ယင်ထောင် သည်ခဏစဉ်းစားပြီး ခရီးဆောင်အိတ်ကို စတင်ထုပ်ပိုးသည်။သူမ ယင်အိမ်တွင်သာ ဆက်နေမည်ဆိုပါက၊ ဇာတ်လိုက်မင်းသမီးနှင့်ဆန့်ကျင်ဘက်ဖြစ်နေမည် (ဒါမှမဟုတ်)မြင်နေရဦးမည်။ အဝေးမှာ ပုန်းနေလိုက်တာ ပိုကောင်းတယ်။

အချိန်အတော်ကြာ အလုပ်ရှုပ်ပြီးနောက် ယင်ထောင် သည် သူမ၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီး အခြေခံနေ့စဉ်သုံးပစ္စည်းများကို ယူဆောင်လာခဲ့သည်။သူမသည် သူမ၏ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး အကောင့်စကားဝှက်ကို အမှန်တကယ် မှတ်မိနိုင်ကြောင်း သဘောပေါက်လိုက်သည်။ မူလယင်ထောင်၏ မှတ်ဉာဏ်အစိတ်အပိုင်းသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေပုံပင်။

"ဒါက ပိုလွယ်ကူစေတယ်..." သူမ၏ ဘဏ်အကောင့်ထဲက ယွမ်ထောင်ပေါင်းများစွာကို ကြည့်လိုက်ရင်း ယင်ထောင်ပြုံးမိသည်။မူလယင်ထောင်ရဲ့မိသားစုက ယင်ထောင်ကိုမကြိုက်ပေမဲ့ ချမ်းသာတဲ့ မိသားစုဖြစ်လို့ သူမကို အရမ်း ရိုင်းစိုင်း ဆက်ဆံလေ့ မရှိကြပါ။

ရဲစခန်းက နေရာထိုင်ခင်းနှင့်အစားအသောက်၊ လက်ထဲက ပိုက်ဆံအနည်းငယ်နဲ့ မူလယင်ထောင် က သူမနဲ့ တူညီတဲ့ အလုပ်အကိုင်နဲ့ရှိသောကြောင့် ကူးပြောင်းသွားသည်မှာ သိပ်တော့ မဆိုးပါ။ယင်ထောင်က ခါးခါးသီးသီးပြုံး၍ သက်ပြင်းချရင်း သူမရဲ့ ခရီးဆောင်အိတ်ကို အောက်ထပ်သို့ဆွဲချလာသည်။

"မင်း ဒီတခေါက် ဘာလုပ်ပြန်ပြီလဲ?" ယင်ထောင် ခရီးဆောင်အိတ်ကို လှေကားထစ်မှ ဆွဲချလာသည်ကို မြင်သောအခါ ကျောင်းယွဲ့၏မျက်နှာညိုးငယ်သွားသည်။ မူလက ပျော်ရွှင်ပြီး သဟဇာတဖြစ်ခဲ့ကြသော အမေနှင့်သမီးနှစ်ယောက်သည် ယင်ထောင်ရှိနေခြင်းကြောင့် တင်းမာလာသည်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now