Part -1

285 22 1
                                    

*ဤfictionတွင်ပါဝင်သောအကြောင်းရာများသည်စိတ်ကူးသက်သက်သာဖြစ်သည်။ ရှကျစ်ကွမ်းနှင့်ဟွမ်ကျွင့်ကျယ်မှလွဲ၍ကျန်ဇာတ်ကောင်နာမည်များသည်စာရေးသူ၏ဖန်တီးမှုဇာတ်ကောင်သက်သက်သာဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာနှင့်တူညီမှုရှိခဲ့ပါကခွင့်လွှတ်ပေးပါ။ ဇာတ်လမ်းတွင်အဆင်မပြေမှုများ၊အမှားများရှိပါကထောက်ပြပေးပါ။ ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါသည်။*

ဟွမ်တိုင်းပြည်အရှေ့တံခါးအပြင်ဘက်တွင်ဖြစ်သည်။

"မင်းကြီးဟွမ် ကျန်းမာပါရဲ့လား"

ဟွမ်တို်င်းပြည်တစ်ခုလုံးကိုဝန်းရံထားပြီးမြင်းပေါ်ကနေပြုံးပြကာနှုတ်ဆက်နေတဲ့တာရှပြည်ရဲ့မင်းသား2

"မင်းသားကတော့မနောက်ပါနဲ့ ကျွနု်ပ်တိုင်းပြည်ကိုစစ်တိုက်ဖို့ဝန်းရံထားပီးအခုလိုမေးတာလွန်များမလွန်ဘူးလား"

ဟွမ်မင်းကြီးသည်ခက်ထန်သည်မဟုတ် အသနားခံသည်မဟုတ်သည့်လေသံဖြင့်မျက်နှာကိုမော့ထားကာပြုံးပြနေ၏။
ထိုမြင်ကွင်းမှာမြင်ရသူအဖို့စိတ်မချမ်းသာချေ။

"မင်းသား2 နန်းတော်ထဲသို့ကြွပါ သေွးချောင်းမစီးဖို့အတတ်နိုင်ဆုံးညှိနှိုင်းခွင့်လေးတော့ပေးမယ်မလား"

"ကောင်းပြီ"

မင်းသား2ရဲ့စကားကြောင့်သူ့လူယုံလီရှင်းသည် မြင်းကိုဇာတ်ဆွဲကာမင်းသား2ရဲ့မြင်းဘေးသို့ကပ်လာပီး

"မင်းသားအဆင်ပြေပါ့မလား သူတို့ကလျှို့ဝှက်လုပ်ကြံဖို့စီစဉ်နေတာဆိုရင်ရော"
မင်းသား2သည်တစ်ချက်သာပြုံးလိုက်ပီးလီရှင်းဘက်သို့လှည့်ကာ

"တကယ်လို့အဲ့လိုသာဆို ဟွမ်တိုင်းပြည်တခုလုံးကိုအမှုန့်ချေပစ်လိုက်"

မင်းသား2သည်စကားကိုပြုံးပြစွာပြောနေသော်လည်းထိုသည်ကားတစ်ဖက်တို်င်းပြည်အတွက် သတိပေးချက်ဆိုသည်မှာကြားသည့်လူတိုင်းသိသည်။

မင်းသား2သည်မင်းကြီးဟွမ်နှင့်အတူမြို့ထဲသို့ဝင်သွားပီးမြို့တံခါးသည်လည်းပိတ်သွားခဲ့သည်။

"မင်းသား ဟွမ်တိုင်းပြည်ကိုလွှတ်ပေးဖို့အတွက်ဘာတေွများအလိုရှိပါသလဲ။"

White lotus Where stories live. Discover now