1

2 1 0
                                    


အပိုင်း(၁)  မျက်နှာသာပေးခံရတဲ့ ကံကြမ္မာ...

မျက်လုံးဖွင့်လိုက်တာနဲ့ ပထမဆုံးမြင်လိုက်ရတဲ့ အဖြူရောင်မျက်နှာကြက်..
ပြီးတော့ နှာခေါင်းထဲကို တိုး၀င်လာတဲ့ ပိုးသတ်ဆေးနံ့တွေကြောင့် သူမ ဆေးရုံမှန်းသိလိုက်သည်။ ဒါပေမယ့် ဘယ်လိုဖြစ်လို့ ဒီကိုသူမရောက်နေရတာလဲ?

တဖြေးဖြေး အားယူကာ မျက်လုံးကို ဖွင့်လိုက်တော့
အလင်းရောင်စူးစူးက ချက်ချင်း မျက်လုံးကို ပြန်ပိတ်သွားစေသောကြောင့် သူမ မျက်မှောင်ကျုံ့ကာ
ညည်းသံသဲ့သဲ့ ထွက်သွားလေသည်။

"ယု ~သတိရလာပြီလား?"

အသံလာရာဘက်ကို သူမ အားစိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့...

ပြတင်းပေါက်မှ အလင်းရောင်ဟာ သူ့ကိုအပြည့်အ၀သက်ရောက်နေပြီး သူလည်း ဆေးရုံ၀တ်စုံကို၀တ်ထားသည်ပင်..

"ခဏ‌လေးနော် ကိုယ် ‌ဆရာ၀န်သွားခေါ်လိုက်အုံးမယ်"

ထိုလူဟာ ထွက်သွားပြီး ခဏအကြာမှာ ဆရာ၀န်အချို့နဲ့ပြန်ရောက်လာခဲ့သည်။
ဆရာ၀န်နဲ့သူနာပြုများက သူမကို ထနိုင်အောင်
ဝိုင်းကူပြီးရင်း စစ်ဆေးစရာရှိတာ စစ်ဆေးကြသည်။

"သမီး နာမည်ဘယ်လိုခေါ်လဲ မှတ်မိလား?"

ဆရာ၀န်ကြီးမေးတာကို ဖြေမလို့ လုပ်လိုက်ပေမယ့် ခေါင်းထဲဘာမှပေါ်မလာ

*ငါ့နာမည်က ဘာလဲ? ငါကရော ဘယ်သူလဲ?*

စဉ်းစားရင်းခေါင်းကိုက်လာတာမို့ခေါင်းကိုကိုင်မိလိုက်သည်။

"သမီး ဖြေးဖြေးစဉ်းစားပါ ရပါတယ် ဆရာတို့အလျင်မလိုပါဘူး အခုတော့ခဏနားလိုက်ပါအုံး"

သူမ အားတင်းကာ ခေါင်းကိုက်နေတာကိုလျစ်လျူရှုရင်း..

"မဟုတ်ဘူး ဆရာ သမီးအခုသိချင်တယ် သမီးက ဘယ်သူလဲ? အခုဘာလို့ဒီကိုရောက်နေတာလဲ?
ဘာကြောင့်လဲ?"

ပြောရင်း ထိုးကိုက်လာတဲ့ခေါင်းကိုကိုင်ရင်း သူမ အော်မိလိုက်သည်။

"ယု ရယ် အဲ့လိုအတင်းဖိအားမပေးပါနဲ့  ကိုယ်တောင်းပန်ပါတယ်"

You've reached the end of published parts.

⏰ Last updated: Apr 09 ⏰

Add this story to your Library to get notified about new parts!

တကယ်တော့ အချစ်ဟာ...Where stories live. Discover now