"william.. မင်းကိုငါပြောစရာရှိတယ်"
"ပြောကြည့်လေ"
"တကယ်တော့ ငါကလေဆရာJordanကိုသဘော
ကျနေတာ"အင်ကျီအနားစကိုဆုပ်ကိုင်၍သူ့၏လက်တွေဟာဂနာ
မငြိမ်ပါ။"အင်း ငါသိတယ်"
အံံ့သြသွားပြီးမျက်လုံးတွေဝိုင်းစက်ကာwilliam
ကိုကြည့်မိတယ်။"မင်းဘယ်တုန်းကသိတာလဲ"
"သိတာတော့ကြာပါပြီ မင်း..ဆရာjordanကို
ကြည့်နေတဲ့အချစ်မျက်ဝန်းတွေကြောင့်သိတာပါ။
ဟေ့ကောင်..victory မျက်လုံးတွေကဘယ်တော့
မှမလိမ်ဘူးကွ""မင်းငါ့ကိုအထင်မသေးဘူးလား"
"အချစ်ကအချစ်ပါပဲ ကျားမမခွဲခြားဘူ။ဒါနဲ့မင်းဖွင့်
ပြောပြီးသွားပြီလား""အင်း ငါ့ကိုငြင်းတယ်"
"ဟာ..ငါ့သူငယ်ချင်းချောချောလေးကိုငြင်းရဲတဲ့
ဆရာjordanကမျက်မှန်ပါဝါတိုးရတော့မယ်ထင်
တယ်။"williamကပြုံးနေပင်မဲ့မပြုံးနိုင်တာကသူပါ။
"ဟင့်..ငါလေ ငါသူ့ကိုငိုမိလောက်တဲ့အထိသဘော
ကျတယ်..တခြားသူများပိုင်ဆိုင်သွားရင်ဘယ်လို
လုပ်မလဲပေါ့။ဒါပေမဲ့ သူ့ကိုအခုတခြားသူကပိုင်ဆိုင်
တော့မယ် ဘယ်လိုလုပ်ရမလဲwilliam..ငါဘယ်
လိုလုပ်ရမလဲ..ငါချစ်လွန်းလို့ရူးနေမိပြီထင်တယ်..အင့်ဟင့်"ငိုယိုရင်းပြောလာသောသူငယ်ချင်းကြောင့်williamလည်းပွေ့ဖက်၍နှစ်သိမ့်ရုံမှတပါးဘာမှမတတ်နိုင်။
"လက်လွှတ်လိုက်"
"ဟင်"
"လက်လွှတ်လိုက် victory..ကိုယ့်ရပ်ဝန်းမှာမနေ
ပျော်တဲ့သူ့ကိုမဆွဲထားနဲ့..မင်းသူ့ကိုချစ်တယ်မလား""အင်း"
"ချစ်တယ်ဆိုရင်သူပျော်နေတာလည်းမြင်နိုင်ရမှာပဲ
သူ့ကိုပျော်နေတာမြင်စေချင်ရင် နာနာကျင်ကျင်နဲ့
လက်လွှတ်မေ့ပစ်လိုက်ပါတော့..အလွန်ဆုံးတနှစ်
လောက်ပေါ့""ငါမေ့ကြည့်ပါမယ်"
တကယ်တော့မေ့လို့မရနိုင်တာကိုသူပဲသိပါတယ်။
အချစ်ဦး မြေးဦးရတဲ့အထိမမေ့ဆိုသည့်တိုင်မေ့ပစ်
ဖို့အတွက်မလွယ်ပါ။