အပိုင်း(၇)

1.6K 77 1
                                    

မမပြောသွားခဲ့သလို ဒီဇင်ဘာပိတ်‌ရက်ရောက်တာတောင် အိမ်ပြန်မလာခဲ့ရပါ။ကျွန်တော်တို့ကပဲ သွားတွေ့ခွင့်ရတော့သည်။ စာတွေလုပ်ရတာပင်ပန်းနေ
ပြီထင်ရဲ့ မမမျက်နှာလေး အရင်ကလောက် မလန်းဆန်းတော့။
"မမ...နေမကောင်းဘူးလား"

"ကောင်းပါတယ် မောင်ရဲ့"

"မောင့်မျက်လုံးထဲ မမနည်းနည်း ပိန်သွားသလားလို့"

"ဪ...ဒါတော့ ဟုတ်မှာပေါ့ အခုတလော ဂိုက်ချိန်တွေတိုးလာတယ်လေ"

"အိပ်ရေးတွေ ပျက်နေမှာပေါ့နော်"

"အေးဆေးပါ မောင်ရဲ့"
အိမ်မပြန်ရတော့ မောင်ကသာလာတွေ့ရသည်။ မောင်ကလူလည်ပါ ဖေဖေနဲ့မေမေလာရင်တစ်ခါလိုက်လာသလို သူသူတို့အိမ်က လာရင်လည်း ထပ်ပါလာတတ်တယ်။မေးရင်လည်း လမ်းကြုံလို့ဆိုပြီး ညာတတ်သေးသည်။
"မောင်ကလေး...မသူကိုတော့ မမြင်တော့ဘူးလား မင်းက"

"မြင်ပါတယ် မသူရဲ့ မသူက မပိန်ပါဘူး ပိုတောင် ဝလာသလားလို့"

"ဝမှာပေါ့ မောင်ရယ် သူကအစားတလိုင်းလေ အားတိုင်းစားနေတာချည်းပဲ"

"အို...သော်နော် မောင်ကလေးကို လျှောက်မပြောစမ်းနဲ့"
ကလေးသုံးယောက်စနောက်နေကြတာကို ဧည့်တွေ့လာတဲ့လူကြီးတွေက‌ ပြုံး၍ကြည့်နေကြသည်လား ဒါမှမဟုတ် လေတိုး၍မဝင်မှန်းသိလို့ အသာငြိမ်နေကြသည်လားတော့ မပြောတတ်ပါ။အချိန်ကုန်လုနီးမှ ချိုသာသောလေသံလေးဖြင့် စကားစလာ၏။

"ကဲ...ဒယ်ဒီတို့ ပြန်တော့မယ် ချမ်းလေး လာပြန်စို့ မင်းမမတွေ စာလုပ်ရဦးမယ်"

"ဟုတ်ကဲ့ ဦးလေး...မရေ..မောင်ပြန်ပြီနော် မသူ တာ့တာ"
ကားနားမရောက်မချင်း နောက်ပြန်လမ်းလျှောက်ကာ လက်တဖက်ကို လှုပ်ရမ်း၍ နှုတ်ဆက်နေလေသည်။ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်လည်း မောင်တို့ကားလေး မြင်ကွင်းထဲမရှိတော့သည်ထိ ရပ်ငေးကျန်ရစ်ခဲ့သည်။
----------
ရွက်ဝါတွေမနိုင်မနင်း တံမြက်စည်းလှဲ သိမ်းနေရတဲ့ ‌နွေဦးရောက်တော့ ကျွန်တော်တို့လည်းအတန်းတင် စားမေးပွဲဖြေရသည်။
စာမေးပွဲဖြေပြီးအပြန် လာကြိုသော ဆိုင်ကယ်နောက် လက်ကလေးနှစ်ဖက်ကိုဆန့်တန်းကာ လိုက်ရသော ခံစားချက်သည် တစ်ခုခုကို လွှတ်ချလိုက်ရသလို ပေါ့ပါးနေခဲ့သည်။
"‌ချမ်းလေး...ဖြေနိုင်တယ်မဟုတ်လားဝေ့"

မုန်တိုင်းWhere stories live. Discover now