😻
😻
😻
"ကိုကိုရေ"
"အင်း.. ကိုကို ဒီမှာ Yushi"
ရှီအွန်းဖက်လက်စ စာအုပ်အားချကာ သူ့နာမည်အားအော်ခေါ်နေသည့် ယူရှီအား အသံပေးလိုက်သည်။သိပ်မကြာပါ တံခါးလက်ကိုင်ဘုလေးလှုပ်ရှားလာပြီး အခန်းထဲသို့ ဆံပင်များရှုပ်ပွကာ ညအိပ်ဝတ်စုံရင်ဘက်ဟပြဲနှင့်ဝင်လာသည့် ယူရှီက သူ့ဆီအပြေးဝင်လာပြီး ရင်ခွင်ထဲတိုးဝင်လာတော့သည်။
"အင်း.. ကျွန်တော်အိမ်မက်ဆိုးမက်တယ် ကိုကို"
အိပ်ချင်မူးတူးလေးဖြစ်နေကာ ပြောနေသည့်စကားသံမှာလဲအနည်းငယ်ချွဲနေသည့်အသံပေါက်နေလေသည်။ရှီအွန်းလက်တစ်ဖက်က ယူရှီ၏ကျောပြင်အားအသာပုတ်ပေးကာ မေးလာ၏။
"ဘာတွေများ မက်လို့လဲ Yishiကိုကို့ ကိုပြောပါအုံး"
"အာ... အဲ့တာကအိမ်မက်ပါပဲ ၊အရမ်းကြီးလဲမဆိုးပါဘူး "
ယူရှီခေါင်းလေးမော့ကာ ရှီအွန်းအားအပြုံးလေးဖြင့်ပြောတော့၊ရှီအွန်းလက်တို့က ယူရှီ၏ဆံပင်လေးပုံကျအောင်သပ်တင်ပေးလိုက်သည်။
"လာ... မနက်စာ သွားစားရအောင်၊ပြီးရင် ကိုကိုတို့ကျောင်းသွားဖို့ပြင်ရမယ်"
"ဟုတ်..ဒါဆို ကျွန်တော်ရေချိုးပြီးဆင်းခဲ့မယ် ကိုကို"
"ကောင်းပါပြီဗျာ"
ယူရှီ အခန်းထဲကထွက်ခွာသွားသည်နှင့် ရှီအွန်းလဲ အဝတ်တို့အားလဲလှယ်ကာ မီးဖိုချောင်ထဲ ခပ်သွက်သွက်ဝင်လာ၍ အသင့်ပြင်ပေးထားသည့် မနက်စာအားကြိုစားနှင့်ထားလိုက်သည်။သိပ်မကြာပါ မီးဖိုချောင်ထဲသို့ ယူရှီဝင်လာပြီး သူ့အတွက်ပြင်ပေးထားသည့်၊မနက်စာအား အ
လျင်အမြန်စားေနတော့သည်။ရှီအွန်းမှာ ရှေ့ကအစားပဲငုံ့စားနေသည့် ယူရှီအား ကြည့်ရင်း သူပြုံးလိုက်မိသည်။ဒီအခြေအနေမျိုးက ကျိန်းသေပေါက် ယူရှီစိတ်ဆိုးနေခြင်းပင်။ ရှီအွန်း သဘောတကျရယ်ရင်း ရှေ့ကရေခွက်အားယူကာ သောက်မည်အပြု။
"အဟွတ် အဟွတ်!"
ယူရှီအလျင်အမြန်စားလိုက်သည်ကြောင့် သီးသွားရကာ မျက်ရည်များပင်စီးကျလာလေတော့သည်။