အခန္း (၂၃)

1K 62 17
                                    

Unicode

"နိုင်စိုး!"

ကိုဘုန်းရဲ့ ဒေါသတကြီးအော်ခေါ်သံကြောင့် နိုင်စိုးသတိလက်လွတ်ဖြစ်သွားပြီး ဘာကိုမှစပ်ဆက်တွေးခေါ်မတတ်တော့။ နန်းဝေ (22) နှစ် ကောင်းမှု ဆိုသည့် စာလုံးများ ရေးသားထားသော ဘုတ်ပြားကိုမြင်ပြီး ချမ်းဝေက မလှုပ်မယှက်ကြီးငြိမ်သက်နေ၏။ ကိုဘုန်းကလည်း သူတို့ဘက်ကို အလျှင်စလိုလျှောက်လာပြီး ချမ်းဝေရဲ့ ဝှီးချဲကိုဆွဲယူကာ အိမ်ထဲအမြန်ဝင်သည်။

"ကိုဘုန်း ဘာတွေဖြစ်နေတာလဲ"

နန်းဝေရဲ့ ၇ ရက်ပြည့်ကို အိမ်မှာအလှူပေးချင်တယ်ဆိုတဲ့ အကိုကြီးရဲ့စကားကြောင့် လိုအပ်တာတွေကို ဘုန်းမာန်က ထောက်စေ့အောင်လိုက်လုပ်နေရင်း တစ်ဖက်က ချမ်းဝေရဲ့ဘက်ခြမ်းကို သူလွတ်သွားခဲ့သည်။ ချမ်းဝေဘက်က ဒီကိစ္စကိုသိသွားနိုင်တယ်ဆိုတဲ့ အချက်ကို သူမေ့သွားခဲ့တာ။ စိတ်လောပြီး လက်မြန်ခြေမြန်နဲ့ ချမ်းဝေကို အကိုကြီးရဲ့ စာကြည့်ခန်းထဲအထိ ဆွဲခေါ်လာခဲ့ပေမဲ့ ထိုကောင်လေးက မြင်ခဲ့ပြီးပြီပဲလေ။ သူဘာတွေများထပ်ဖုံးကွယ်လို့ရပါဦးမလဲ။

အသံတိတ်နေရင်း ထိုကောင်လေးဘက်က မေးခွန်းတွေကို အတတ်နိုင်ဆုံးဖြေဆိုဖို့ အဖြေပေါင်းသောင်းခြောက်ထောင်ကို အသည်းအသန်စဉ်းစားနေရလို့ နားထင်ကနေ ချွေးစို့လာပေမဲ့ ထိုကောင်လေးသည် အသက်မဲ့သူလို ငြိမ်သက်နေခဲ့၏။

"ချမ်းဝေ"

ဘုန်းမာန်ခေါ်လိုက်ပေမဲ့ ထိုကောင်လေးသည် တုန့်ပြန်မလာခဲ့။ မျက်လုံးတွေက ငွေ့ရည်ဖွဲ့နေရင်း ဦးတည်ရာချက်မရှိဘဲ ငေးမောနေ၏။

ဘုန်းမာန် ရင်ထဲတော်တော်လေးမကောင်းပါပေ။ သူကိုယ်တိုင်ကလည်း အပြစ်ရှိသူတစ်စိတ်တစ်ပိုင်းပေမို့ ထိုကောင်လေးအား ရင်ဆိုင်ရန်ခက်ခဲနေခဲ့သည်။ သူတို့တွေက ဒီကောင်လေးရဲ့ မိသားစုကို ဝိုင်းပြီးဖျက်စီးခဲ့ကြတာမဟုတ်ပါလား။

"ချမ်းဝေ.."

"ကျွန်တော်သိပါပြီ၊ ညီမလေးကမရှိတော့ဘူး၊ ဘယ်အချိန်ထဲက မရှိတော့တာလဲ ကျွန်တော်မသိပေမဲ့.."

Even The Devil , Once An Angel(COMPLETED)Donde viven las historias. Descúbrelo ahora