"သမီးရယ် နင်အလုပ်မရှိရင်လည်း အဖေ့ဆီမှာ အလုပ်ဝင်လုပ်ပါလားကွာ"
"ရှင်ကလည်း ကျန်မ သမီးကအခု မှ ကျောင်းပြီး တာကိုကလေးမယ် နားကိုမနားရဘူး အိမ်အလုပ်တွေလုပ်လိုက် ကျောင်းဖွင့်တုန်းကလည်း ကျောင်းစာအတွက်လုံးပန်းလိုက်နဲ့
""မိန်းမငါကမင်းအလုပ်လုပ်ခိုင်းတာမဟုတ်ပါဘူးကွာ ငါ့သမီးငါအလုပ်လုပ်ခိုင်းတာ ငါ့သမီးကဘာမှ မပြောရဘူးမင်းကြည့်ဘဲပြောသွားတာ"
"ရှင်ပြောတာလည်းကြည့်ဦးလေ ကလေးက......"
"ကဲကဲ ကဲ တော်ကြပါတော့ ဒယ်ဒီ နဲ့ မာမီရယ်
သမီးကိုဘာမှမပြောရသေးဘူး ""ဟုတ်ပ ငါ့သမီးကိုဘာမှမပြောရသေးဘူး နင်ငြမ်ငြမ်နေစမ်းပါမိန်းမရာ ငါ့သမီးသဘောကရော"
"သမီးလည်းဒယ်ဒီ့ အလုပ်ကိုစိတ်ဝင်စားပါတယ်"
"အဲ အဲ့တာဘဲ ဒီလိုဘဲဖြစ်နေရမယ်ငါ့သမီးက"
"အမလေးနော် လူတွေမြန်းလိုချင်တာရတော့မျက်နှာ တစ်မျိုး မလိုချင်တာရတော့...."
"မိန်းမ နင့်ပါးစပ်ပိတ်ထားစမ်း "
"ဪ ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့"
"သမီးဆက်ပြော အဲ့မိန်းမကအဲ့လိုဘဲ ဆက်ပြောဆက်ပြော"
"ကိုအောင်မာန်! လာခဲ့စမ်း ဒီကိုလာခဲ့စမ်း ရှင်ကမြန်း ကျန်မကို ဒီလိုမိန်းမလေး ဘာလေးနဲ့ ဟမ် ရော့ရော့"
"အား မိန်းမနာတယ်ဟ အား မဆွဲနဲ့တော့လို့"
ဒီလိုပါဘဲ ဒယ်ဒီကမောင်အောင့်ကိုအလုပ်အကြောင်းပြောရင်မာမီက ဝင်ဝင်တားနေကြလေ မောင်အောင် ကငယ်သေးတယ်ဘာလေးနဲ့ ပြီးရင်ဒယ်ဒီ ကမာမီ့ကိုပြန်ပြောရင် လည်း မာမီကမကြိုက်တော့ ဒယ်ဒီ့ ကို ထုံးဇမ် အတိုင်း နာရွက်လိမ်ဆွဲတာ ဗိုက်ခေါက်လိမ်ဆွဲတာ ငယ်နိုင်ပေါ့ဗျာ ဒီလိုမျိုးနဲ့ဘဲမောင်အောင်နဲ့ ဒယ်ဒီ မောင်အောင် လုပ်မယ့်အလုပ်ကိုသေချာမပြောရပါဘူး
=============================
"ဒါ တစ်ပွင့်ဘယ်လောက်လဲဗျ"
"ဟုတ်ကဲ့ တစ်ပွင့် 500 ပါရှင့်"