"ကဲ ရောက်ပီလား မယ်မင်းကြီးမလေး"
"ဟာ ဒယ်ဒီ ကလည်း ခုမှရောက်တာကို "
မောင်အောင်ကမာမီရှေ့မှာဘဲ မိန်းကလေးတစ်ယောက်လိုပြုမူနေထိုင်တာပါ ဒယ်ဒီနဲ့ ဆိုရင်တော့ Brothers တွေလိုနေတာပါ ဟဲဟဲ"အေးပါ မင်းအလုပ်လုပ်မှာသေချာတယ်နော်"
"သေချာပါတယ်ဆိုဗျာ ဘာလဲ ဒယ်ဒီကမောင်အောင့်ကိုမယုံဘူးလား"
"ယုံသလိုလို မယုံသလိုလိုပေါ့နော"
"ဟာ ဒယ်ဒီ မာန်မိဈန်"
"မင်းမေလင်ကို မာန်မိဈန်"
"ဟားဟားဟား"
ဒယ်ဒီနဲ့မောင်အောင်နဲ့က အရမ်းတည့်တာလေတစ်ခါတစ်လေဆိုမောင်အောင့်ကိုမာမီဆူရင်ဒယ်ဒီကာပေးလိုက် ဒယ်ဒီ့ကိုမာမီပြောရင် မောင်အောင်ကာပေးလိုက်နဲ့အဆင်ကိုပြေနေတာဘဲမောင်အောင်ကဒယ်ဒီ့ကိုပိုချစ်တယ် ဒယ်ဒီကဘဲမောင်အောင်အခုလိုဖြစ်လာတဲ့အဓိကအကြောင်းပြချက်ဘဲ ဒယ်ဒီကိုမောင်အောင့်ကိုအခုလိုပုံစံဖြစ်လာအောင် ပုံသွင်းခဲ့တာလေ ဘာဘဲဖြစ်ဖြစ် မောင်အောင့်ပုံစံကိုမောင်အောင်ကြိုက်ပါတယ်
ဒီလိုနဲ့မောင်အောင်နဲ့ဒယ်ဒီမောင်အောင့်အလုပ်ကိစ္စတွေပြောပြီးတော့.......…...….……
"ကဲကဲ ဒါဆိုရင်မင်းကငါ့သမီးဆိုတာကို company ကိုမပြောနဲ့နော် ကြားလားယျောင့်"
"ဟာ ဒယ်ဒီကအဲ့ဒါကြီးကတော့မမိုက်ပါဘူးဗျာ"
"ဟ မင်းကိုငါပြောတာရှင်းရှင်းလေးလေ မင်းကိုလစာပေးမယ် ဒါပင်မဲ့ မင်းက company မှာတစ်လ ရိုးရိုးဝန်ထမ်း အလုပ်လုပ်ရမယ်လို့ ပြီးရင်မင်းလုပ်ဆောင်ချက်တွေကောင်းမွန်တယ်ဆို ရင်မင်းကိုရာထူးတိုးပေးမယ် နောက်ဆုံးမင်း အကောင်းဆုံးဆိုတဲ့အရာတွေကိုလုပ်နိုင်လာရင်မင်းကိုဒီ company ကိုအမွေပေးမယ် ဒါမဲ့ မင်းကြိုးစားမှရမယ်နော်"
"ဟင် ဒါဆိုကျနော်က ဒယ်ဒီ့သမီးဆိုတာ ဘယ်သူ့ကိုမှမပြောရဘူးပေါ့?"
"အေး ဟုတ်တယ် ဒါပင်မဲ့မင်းရဲ့အောင်မြင်မှုတွေကို ထုတ်ပြမဲ့အချိန်ကြရင် မင်းကငါ့သမီးဆိုတာ ကြော်ကြာ ပြီးတော့ မင်းကို ဒီ company ကိုအမွေပေးမယ်"