Chapter - 5

540 66 6
                                    

[ Unicode version ]

ပုံမှန်ထနေကြမနက်ခင်းဖြစ်ပေမယ့် ဘေးနားမှာအိပ်ပျော်နေဆဲဖြစ်တဲ့ ကိုကို့ ကိုကြည့်ပြီး ကျစ်ကွမ်းက မထချင်ဘူး။ စားပွဲပေါ်ကဖုန်းကိုကောက်ကြည့်တော့  ဒီနေ့ ရှန့်ဟိုင်းရုံးခွဲမှာ ပထမဆုံး အလုပ်စဆင်းရက်မို့ နောက်မကျစေဖို့ အရင်ခေါင်းဆောင်းက မှာထားတဲ့ စာတွေဝင်ထားတာကိုတွေ့သည်။

ကျစ်ကွမ်းက သက်ပြင်းတိုးတိုးချပြီး ငြိမ်ငြိမ်လေးအိပ်ပျော်နေတဲ့ ကိုကို့ ကိုခဏလောက်လက်ထောက်ပြီးကြည့်နေလိုက်သည်။ ဘာလို့အရွယ်ရောက်ပြီးသားလူတစ်ယောက်က အိပ်ပျော်နေတာတောင် ဒီလောက်အပြစ်ကင်းနေရတာလဲ။ ကျစ်ကွမ်းကအသက်ရှူသံမှန်မှန်လေးရှိနေတဲ့ ကိုကို့ ပါးပြင်လေးကို သာသာလေးတစ်ချက်နမ်းပြီး အလုပ်သွားဖို့ပြင်ရပါတော့သည်။

ရေမိုးချိုးလို့ပြန်ထွက်လာပြီး အင်္ကျီတွေဝတ်နေတုန်းမှာပဲ ကိုကိုက အိပ်ပျော်နေရာကနေနိုးလာခဲ့သည်။

“ ဟင်.. ကွမ်းကွမ်း ၊ အလုပ်သွားတော့မှာလား ”

ကိုကိုက ဆံပင်ဖွာလန်ကျဲလေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကတောင် မပွင့်တပွင့်လေးဖြစ်ကာ ကျစ်ကွမ်းကိုမေးမြန်းနေခြင်းဖြစ်ရာ အသည်းခိုက်အောင်အူယားစရာလေးဖြစ်နေတဲ့ပုံစံလေးကြောင့် ကျစ်ကွမ်းက အသံတိုးတိုးထွက်ကျလာအောင်ထိ ပြုံးရယ်ပါသည်။

“ အင်း ပထမဆုံးရက်ဆိုတော့ စောစောလေးသွားမလို့ ”

“ မနက်စာမစားရသေးဘူးမလား၊ အဲ့တာ ကိုကို့ ကိုနှိုးလိုက်တာမဟုတ်ဘူး ၊ နေဦး အခုသွားပြင်ပေးမယ် ”

ကမန်းကတမ်းနဲ့ ထဖို့ပြင်နေတဲ့ ကိုကို့အနားကိုကျစ်ကွမ်းကလျှောက်သွားလိုက်ကာ ကိုကို့ပုခုံးလေးကိုဖိပြီးပြန်ထိုင်ခိုင်းလိုက်သည်။

“ နေပါစေတော့ ကျွန်တော်လမ်းမှာဝယ်စားသွားလိုက်မယ် ၊ ကိုကိုသာ တစ်ခုခုပြင်ပြီး အစားပုံမှန်စားထား ဟုတ်ပြီလား ”

ကျစ်ကွမ်းကပြောပြီးတာနဲ့ ကိုကို့နှဖူးလေးကိုတစ်ချက်နမ်းလိုက်သည်။

“ စောစောပြန်လာခဲ့မယ် ”

ကိုကို့အား အပြုံးတစ်ခုပေးပြီး အိတ်ကိုကိုင်ဆွဲလို့ ကျစ်ကွမ်းဟာ အခန်းထဲကနေထွက်သွားခဲ့ပါတော့သည်။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now