မိန်းကလေ အချစ်

445 4 0
                                    

မင်းမချစ်တော့ ကြေကွဲ
မင်းချစ်တော့  ပူလောင်ဆဲ

အချစ်ကမီးလား
အလင်းရောင် ပေးမှာလား လောင်ကြွမ်းပြာကျသွားမှာလား

ဓားသွား ထက်ကပျားရည်လို
ချိုမြိန်တဲ့ အရသာ အတွက် ဒါဏ်ရာတွေထားခဲ့တာ မင်းအချစ်တွေလား

မီးထဲတိုးမယ် ဖလံပိုးလို  မဖြစ်နိုင်မှန်းသိရက်နဲ့ ရစ်မူးစွဲလမ်းနေတဲ့ မင်းရဲ့ ဂရုစိုက်မှုတွေကို ကိုယ်ဘယ်လို လွန်ဆန်နိုင်ပါ မလဲ

မင်းမသိအောင် ရင်ခုန်မိတဲ့ ကိုယ်ပါ
မင်း မသိအောင် မျှော်နေမိတဲ့ ကိုယ်ပါ
တစ်ရက်လောက် မှ မင်းရဲ့ ဂရုစိုက်မှုမရရင်
အဲ့နေ့က ကိုယ့်ပြဿဒါးနေ့ပါ

မိန်းကလေးအချစ်ပါ
မင်းသိအောင်ဖွင့်ပြဖို့မလွယ်သလို
မင်းမသိမှာလဲ သေအောင်ကြောက်နေရသူပါ

အတောင်ပံပါရင်မင်းဆီကို သီချင်းလေးထဲကလို မျော်လင့်ချက်တွေနဲ့
တစ်နေ့တော့ မင်းနဲ့ကိုယ် နီးစပ်နိုင်မလား မျော်လင့်ရင်း
စက္ကန့် မိနစ် နာရီ တိုင်းကို ရေတွက်မိနေသူပါ

William.
27 Mar.2024

တွေးမိတွေးရာလေးများWhere stories live. Discover now