1.7.2022
တစ်သက်လုံးမေ့မရနိုင်မဲ့နေ့တစ်နေ့
ငါကိုယ်တိုင်စွန့်ပစ်ပီး ငါကပဲနာကျင်
နေရတဲ့နေ့
ငါနဲ့ငါ့ကိုကို ပြတ်သွားတဲ့နေ့.....
ဟက် အဲ့လိုပြောရင်လူတွေကထင်ကြဦးမယ်
ကျွန်တော်ကလဲစဖြတ်သေးတယ်၊
ကျွန်တော်ကပဲ ခံစားနေတယ်လို့လေ။No no မဟုတ်ဖူးဗျ ကျွန်တော်ခံစားနေရတဲ့အကြောင်းရင်းက သက်သက်ရှိတယ်။
အဖြစ်က ဒီလိုလေ~~အဲ့နေ့မနက်ထဲကကောင်းကင်မှာမိုးသားတွေမှိုင်းနေခဲ့တယ်။ ကြည့်ရတာကောင်းကင်ကြီးတောင်ကြိုသိနေခဲ့တယ်ထင်ပါရဲ့။
မှတ်မှတ်ရရ နေ့လည် 1 နာရီ 35 မိနစ်
ကျွန်တော့်ဖုန်းကို message ကျလာလို့ကြည့်လိုက်တော့....? : ကိုယ်တောင်းပန်ပါတယ် ကိုယ့်အထင်
ဟန်လေးကိုသေချာဂရုမစိုက်နိုင်ခဲ့ဘူးကျွန်တော် : အဲ့တော့? ဆိုလိုတာကဘာလဲ
? : ကိုယ်ကလဲအချိန်သိပ်မပေးခဲ့ဖူးလေ
ဟန်လေးကိုလဲ အားနာမိတယ်ကျွန်တော် : လမ်းခွဲကြမလား ခများလိုချင်တာလဲဒါပဲမလား ကိုမှိုင်းအက္ခရာရဲ့
? : ....
ကျွန်တော် : လမ်းခွဲကြမယ် ကျွန်တော့်ဖက်ကစဖြတ်တာနော် နောက်လဲဆက်မပတ်သက်ရင်အကောင်းဆုံးပါပဲ နှုတ်ဆက်ပါတယ်။
အဲဒီ့စာနဲ့အတူ ကျွန်တော်တို့နှစ်ယောက်ဇာတ်လမ်းလဲပြီးသွားပြီ။
ဟားးငါကရေးမြတ်ဟန်ပဲလေ ဘာအသဲကွဲစရာရှိလဲ! One go two come three ready four wait ပဲ ဘာမှခံစားနေစရာမလိုဘူးလင်းစု : အဲ့တာဆိုလဲအဲ့မျက်ရည်တွေကို
အရင်သုတ်ပြီးမှပြောဟေ့! တကယ်ထဲ သူငယ်ချင်းတွေ အပြင်ထွက်လည်မလားအောင့်မေ့ပါတယ် ဘဲပစ်ကောင်ကြောင့်မသွားရတော့ဘူးရေးမြတ်ဟန် : ဘဲပစ်ကောင်မဟုတ်ဖူးလို့!!
ဟင့် ငါကအရင်ဖြတ်လိုက်တာပါဆိုမေခ : ကဲ စိတ်တွေလဲညစ်ပါတယ်ဟယ် တော်ကြပါတော့ တခန်းလုံးလဲနင်တို့အသံကြီးပဲ မုန့်လေးတော့အေးဆေးစားပါရစေ
ကျော်ဇော : နင်တို့နှစ်ယောက်ကလဲသူငယ်ချင်းတစ်ယောက်လုံးအသဲကွဲနေတာကို နှစ်သိမ့်မယ်မရှိဖူး
YOU ARE READING
My ex's so handsome
Romanceကိုယ်တို့ပြန်တွဲကြမလား? ဆုတောင်းလေ ကျားမြီးပဲပြေးဆွဲလုိက်မယ်