လရောင်ဖြာကျနေသော အလင်းရောင်အောက်ရှိ တိတ်ဆိတ်နေသော အိမ်ကြီးထဲ၀ယ် ရှိနေသော တစ်ယောက်တည်းသောသူ......
ချစ်ရသောသူဟာ ညဥ့်နက်သည်အထိ ပြန်မလာသေး၍ လုပ်စရာရှိသောအလုပ်များကို Macbookဖြင့် လုပ်နေရင်း ကော်ဖီတစ်ခွက်ဖြင့် ဧည့်ခန်းမှာ ထိုင်စောင့်နေမိတယ်။မနက်၂နာရီထိုးတော့ ခပ်၀ါး၀ါးဖြစ်လာတဲ့ မျက်၀န်းတို့အား မျက်မှန်ကိုချွတ်ကာ ပွတ်သပ်ရင်း သမ်းဝေလိုက်တယ်။ကျွီ........၀ူးးးးးးး
ခြံ၀န်းထဲ၀င်လာသော ပြိုင်ကားအသံကို ကြားရတော့မှ sofaမှထကာ အိမ်တံခါးကို ဖွင့်လိုက်တော့ ကားသော့ကို လက်မှာယမ်းကာ လေချွန်၍ ၀င်လာနေသောသူက သူ့အားမြင်သည်နှင့် အပြုံးမျက်နှာတို့ ယုတ်ချည်း ပျောက်ကွယ်သွားလေတယ်။
"ခင်ဗျား ဒီအချိန်ထိ မအိပ်ပဲ ဘာလုပ်နေတာလဲ
"မင်းကိုစောင့်နေတာလေ....အလုပ်လည်း လုပ်ရင်းနဲ့....ခုတလော အိမ်ပြန်နောက်ကျတာ ပိုဆိုးလာတယ်နော်"
"ခင်ဗျားနဲ့မဆိုင်ပါဘူး အရင်လိုပဲနေစမ်းပါ ကျုပ်အပေါ်တက်တော့မယ်"
တံခါး၀မှာရပ်နေတဲ့ သူ့အား တွန်းဖယ်ကာ ၀င်သွားသော Mingyuအား လည်ပြန်ကြည့်ရင်း အတိတ်ကမှားခဲ့တဲ့ ကိုယ့်ပုံရိပ်တို့အား အပြစ်တင်မိပြန်တယ်။
ခပ်ရေးရေးအတွေးတို့အား ပယ်ဖျက်ရင်း လေပူတစ်ချက်မှုတ်ထုတ်ကာ ကျလုဆဲဆဲ ဖြစ်နေတဲ့ မျက်ရည်တို့ကို ထိန်းလိုက်ပြီး အခန်းရှိရာဆီသို့သာ တက်လာလိုက်တယ်။
အခန်းရှေ့ရောက်တော့ ဘေးအခန်းက Mingyuအခန်းတံခါး၀ဆီ အကြည့်တို့ရောက်မိရင်း အခန်းတံခါး၀ဆီလျှောက်သွားကာ သူ မကြားနိုင်မှန်းသိပေမယ့် ပြောမိပြန်တယ်။
"Good nightပါမောင် "
ပြောပြီးနောက် ကိုယ့်အခန်းထဲသို့ ပြန်၀င်ကာ အေးစက်စက်အိပ်ရာပေါ်သို့ လှဲချရင်း အိပ်မက်ဆိုးတို့ကာ ရှောင်ဖယ်ကာ အိပ်စက်ခြင်း ယန္တရားဆီ ရောက်ရန် ကြိုးစားလိုက်တယ်။
နောက်နေ့ မနက် ၇နာရီခွဲ......
ညက အိပ်ရာ၀င်တာ နောက်ကျပေမယ့် အကျင့်ပါနေတဲ့ မျက်၀န်းတို့ဟာ အချိန်မှန်မှန် နိုးထလာတာမို့ အလုပ်သွားဖို့ ပြင်ဆင်ရန် ထလာလိုက်တယ်။ ရေချိုး အ၀တ်အစားလဲပြီး အောက်ထပ်ကိုဆင်းလာကာ ပုံမှန်စားနေကျ ပေါင်မုန့်ဖြူနဲ့ ကော်ဖီတစ်ခွက်ကိုသာ ပြင်ပြီး စားနေလိုက်တယ်။