20

664 61 7
                                    

Unicode

" အဖေနဲ့ဆယ်နာ အခုလို အခြေအနေတွေ
ဖြစ်နေတာကို ဘာလို့ မပြောခဲ့တာလဲ...."

ဓာတ်ပုံတချို့က ဖန်စားပွဲပေါ်မှာ တင်ထား
သည် ။ ဂျောင်ဂုက ပေါက်ကွဲပြမနေပေမဲ့
ရင်ထဲမှာတော့ ဗလောင်ဆူနေသည် ။

" တောင်းပန်ပါတယ် သား....အဖေ့ဘဝမှာ
ပထမဆုံးချစ်မိသွားတဲ့ အမျိုးသမီးက
သူမ ဖြစ်နေတယ်...."

ဂျောင်ဂုက ရယ်ရခက်ငိုရခက် ဒီအခြေအနေကို သဘောမကျပါ ။ အခက်ခဲဆုံးက
ဒီအခြေအနေကို ဖန်တီးတာ သူ့အဖေ
ဖြစ်နေသည် ။

" အဖေ့မှာ ချစ်ခွင့်ရှိပါတယ်...ကျွန်တော်လည်း သိပြီးသားပါ...ဘယ်သူက ကျွန်တော့်
အဖေအရင်းဆိုတာ...ဒါပေမဲ့ ကျွန်တော်ကို
အရင်ပြောပြသင့်တယ် ဒီကိစ္စကို....
ကျွန်တော်နဲ့ ဆယ်နာနဲ့က လက်ထပ်ဖို့အထိ
ရည်ရွယ်ထားတာမလား......"

" အဲဒီလို ဟုတ်ပေမဲ့....အဖေ့ကို အဖေ
ရပ်တန့်နိုင်မယ် ထင်ခဲ့တာ...."
သူ့ဖခင်က အပြစ်သားတစ်ယောက်လို
ခေါင်းငုံ့ထားသည် ။သူ့ကို စေ့စေ့မကြည့်ပေ။

" ဒါဆိုရင် ရှင်းပါပြီ...."
" ဆယ်နာနဲ့ ကျွန်တော်ရဲ့ လက်ထပ်ပွဲကို
ဖျက်သိမ်းလိုက်ကြတာပေါ့..."
စကားကုန်သွားသလို ဂျောင်ဂုက
ထထွက်သွားသည် ။

" မရဘူး သား..."
သိပ်ကိုမှ တိုးညှင်းသည့် အဖြေပေမဲ့
ဂျောင်ဂု သေချာအောင် ကြားလိုက်ရသည် ။

" ဘာလို့လဲ အဖေ.....အဖေနဲ့ဆယ်နာနဲ့
လက်ထပ်လိုက်ပါ...."
ဂျောင်ဂုက ပြန်လှည့်ပြီး သူ့ဖခင်ကို
ပြောလိုက်သည် ။

" မဟုတ်ဘူး...သူမက သားနဲ့ လက်ထပ်မှ
ရမှာ....."

" အကြောင်းပြချက်ကိုပြောပါဦး အဖေ "
ဂျောင်ဂုသည် သိပ်ကိုမှ သိချင်မိသည် ။
အခြေအနေက ရှင်းလင်းနေပြီကို သူ့ဖခင်က
ဘာတွေများ ထပ်ရှုပ်ချင်နေရသနည်း ။

" သူမ...သူမ..မှာ...ကလေး ရှိနေပြီ...."

ဂျောင်ဂု အံ့သြသွားသည် ။ နောက်တော့
ရယ်သည် ။ ကြေကွဲနေသည့် ရယ်သံတွေက
ရုံးခန်းထဲမှာ ပြည့်နှက်သွားသည် ။ သူ့ဖခင်ကတော့ မျက်ရည်တွေ ရစ်ဝဲနေသည် ။

Escape From The OblivionWhere stories live. Discover now