April's Love Symphony: Spring Sonata of Love
ပူပြင်းတဲ့နွေရာသီမှာ လူတွေဟာ အေးမြခြင်းကို ရှာဖွေကြလိမ့်မယ်။ တချို့ကမိသားစုနဲ့အတူ ကမ်းခြေဆီ အပန်းဖြေခရီးထွက်လိမ့်မယ်၊ တချို့ကသူငယ်ချင်းတွေနဲ့အတူ water park မှာပျော်ပါးကြလိမ့်မယ် တချို့တွေကတော့ ချစ်ရသူနဲ့အတူပေါ့။ ဒါပေမဲ့ သာမန်လူတွေနဲ့မတူ တမူထူးတဲ့ fan girls တွေကတော့ 24/7 screen ရှေ့မှာနေရတာကိုပဲသဘောကျတာ။ နွေရာသီ နေကပူရပူနဲ့ ဘာလို့အပြင်ထွက်မှာလဲ အိမ်မှာရေအေးပေးစက်ရှေ့ ခြေဆင်းပြီး ရွှေရင်အေးလေးတွေရဲ့ မျက်နှာတော်ပဲမျှော်ဖူးမှာပေါ့ မဟုတ်ဘူးလား?
ဘေကျင်းမြို့တနေရာရှိ ကောင်မလေးတစ်ယောက်ဟာ သူ့အမေလာချပေးတဲ့ ဖရဲသီးကိုခရင်းနဲ့ထိုးပြီး ပါးစပ်ထဲအပြည့်ထည့်လိုက်သည်။ သူမရဲ့ခြေထောက်တစ်ချောင်းကတော့ ထိုင်ခုံအောက်လှုပ်ရှားနေခဲ့ပြီး ကျန်တစ်ချောင်းက ထိုင်ခုံပေါ်တင်လို့ လက်နဲ့ပိုက်ထားသေးတာ။ သူမက မိခင်ဖြစ်သူချပေးတဲ့ဖရဲသီးကိုစားရင်း အွန်းလိုင်းကပေါ်ကဖရဲသီးသတင်းတွေကိုလည်း ရှာဖွေနေသေး၏။
ဟူး... ဒီနှစ်နွေရာသီရဲ့အပူချိန်လောက်နဲ့ ကိုက်ညီလောက်မဲ့သတင်းထူးများ မရှိဘူးလားနော်!
ဒီလိုနဲ့ ဖုန်းမှန်ကိုအပေါ်ဆွဲ အောက်ဆွဲလုပ်ပြီးတဲ့အခါမှာတော့ Webio ပေါ်ရှိပိုစ့်အသစ်တစ်ခုက သူမအာရုံကို လုံးဝဖမ်းစားသွားခဲ့ပြီ။
အား!!!!!!!
March လ၊ ညတစ်ည 8:00 အချိန် Webio မှာတက်လာသော ဖရဲသီးသတင်းတစ်ပုဒ်က X, FB, Never စသည့် ဆိုရှယ်ပလပ်ဖောင်းများကိုဖြတ်သန်းရင်း ကမ္ဘာတစ်ဝန်းလုံးရှိ မိန်းမပျိုလေးများအားလုံးကို လုံးဝယောက်ယက်ခက်သွားအောင် လှုံ့ဆော်နိုင်ခဲ့သည်။
ဘယ်ဆိုရှယ်ပလပ်ဖောင်းကြည့်ကြည့် အကုန်ထိုသတင်းကို အတည်ဖြစ်စေချင်ကြတာ။ အကြောင်းက နံပါတ်တစ် အရမ်းမိုက်လွန်းတာကြောင့် နံပါတ်နှစ် ယခုလက်ရှိအခြေအနေကိုသုံးသပ်ကြည့်လျှင် ထိုဖရဲသီးသတင်းမှာ ဖြစ်နိုင်ချေရှိနေတာကြောင့်။ ယခုလက်ရှိအခြေအနေဆိုတာကြီးကို အကျယ်ဖွင့်ပါဆို တရုတ်ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုပင်။