Royal Omega Become My Mate
____________________________________တဖြည်းဖြည်းနဲ့နီးကပ်လာပြီဖြစ်တဲ့ လပြည့်ည..
ပိုကြိုးစားကာလေ့ကျင့်ရေးဆင်းနေကြတဲ့ တပ်သားတွေ၊ အယ်လ်ဖာတွေ အိုမီဂါတွေလဲ ပင်ပန်းနေကြပြီ။ Min လဲထိုလေ့ကျင့်ရေးကွင်းအတွင်းလေ့ကျင့်ရေးလုပ်နေပေမယ့် မကြာခဏဆိုသလို အနားယူနေရ၍ ကိုယ့်ကိုယ်ကို ဘယ်လိုမှအားမရဖြစ်နေသည်။ ပင်ပန်းလို့ပဲလား.. သေချာမသိပေမယ့် မူးနောက်နောက်ဖြစ်နေတဲ့ခေါင်းနဲ့ မအီမသာခံစားနေရတဲ့ ရင်ဘတ်ကြောင့် ပျို့တတ်မှုတွေဖြစ်နေတာလဲ မကြာခဏ။
စစ်ဆင်ရေးစဖို့လဲ နီးကပ်လာပြီဖြစ်တာကြောင့် Min ရဲ့ဝေသနာတွေကိုဘယ်သူ့ကိုမှမပြောပြဖြစ်။ အထိန်းတော်Jin လဲလေ့ကျင့်ရေးတွေလုပ်နေရတော့ Min အားနာလှသည်။
အနားယူပြီးနောက် လေ့ကျင့်ရေးလုပ်နေတဲ့အိုမီဂါတွေနဲ့အတူ ပြန်လည်ပါဝင်လိုက်သည်။ အိမ်ရှေ့စံကင်မ်က အစ်ကိုတော်တို့နှင့်ဆွေးနွေးတိုင်ပင်ပြီး သူတို့ကိုယ်တိုင်လဲလေ့ကျင့်ရေးတွေလုပ်နေကြတော့ Min ကိုတကူးတကကြီးလာလေ့ကျင့်ပေးဖို့ မအားလပ်တော့ပေ။
" တစ်..! နှစ်! သုံး..!! "
ချွမ်! ချွမ်!!
လေ့ကျင့်ရေးလုပ်နေရင်း Min စိတ်တွေဟာ တစ်ခြားကိုအာရုံရောက်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ခပ်လှမ်းလှမ်းမှာရှိတဲ့ သစ်ပင်ကိုယ်ထည်ကိုမှီကာ Min ကိုစူးစိုက်ကြည့်နေသူကြောင့်သာ။ သူ့ကိုမြင်သွားတာသိတော့ နှုတ်ခမ်းဆူကာအနမ်းပေးသည့်ပုံလုပ်ပြ၏။ Min အကြည့်လွှဲလိုက်ပေမယ့် ချက်ချင်းပါပဲ ထိုနေရာကိုအကြည့်ပြန်ပို့လိုက်မိပြန်တယ်။ ဒီတစ်ခါမှာတော့ မျက်လုံးတစ်ချက်မှိတ်ပြပြီး နှုတ်ခမ်းဆူပြနေသည်မို့ Min မျက်စောင့်သာထိုးလိုက်မိသည်။ ဘာတွေလာလုပ်ပြနေမှန်းကိုမသိဘူး။
Min မျက်စောင်းခဲတာကိုမြင်လိုက်တော့ ရင်ဘတ်ကိုလက်နဲ့ဖိကာအပိုတွေလုပ်နေသည်မို့ Min အကြည့်သာလွှဲလိုက်တော့သည်။ နှုတ်ခမ်းထက်ကအပြုံးနုနုတို့ကြောင့် Min သဘောကျနေတယ်ဆိုတာ လိမ်လို့မရပါ။
Jeon နဲ့အတူဖြတ်သန်းခဲ့ကြတဲ့ ညပြီးနောက် မနက်ပိုင်းမှာ Min တို့စကားများကြသေး၏။ ရင်မ်နဲ့ဘယ်လိုပတ်သတ်လဲမေးတိုင်း ထင်ချင်သလိုထင် ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုပြီးပြောသည်။ Min ကိုလဲ အိမ်ရှေ့စံကင်မ်နဲ့ တစ်ပြန်ကြီးစွပ်စွဲသေးတာ။ Min စိတ်တိုတိုနဲ့သူ့တဲထဲကနေထွက်လာခဲ့ရသည့်အဖြစ်။ ထိုနေ့ကတည်းကမတွေ့ရတာ ဒီနေ့တော့မြင်တွေ့နေရပြီ။ ဘာမှမဖြစ်တဲ့မျက်နှာမျိုးနဲ့ပေါ်လာတဲ့ Jeon က အမြဲတမ်းသူလုပ်ထားတဲ့အရာတွေကို သေချာတောင်းပန်ပြီးညှိနှိုင်းတာတို့မလုပ်ပဲ အမြဲကျော်ခွပြစ်လိုက်တာချည်း။
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfiction" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."