Royal Omega Become My Mate
__________________________________" ပင်ပန်းနေပြီလား.."
" မပင်ပန်းပါဘူး..အထိန်းတော်ကြီးရဲ့.."
လက်ထဲကဆန်ထုတ်လေးကို အရှေ့မှာရပ်စောင့်နေသူဆီကမ်းပေးလိုက်ပြီးနောက် အထိန်းတော်ကြီးကိုစကားပြန်ပြောလိုက်တယ်။
"တဲထဲမှာနားနေပါဆို ကျွန်တော်မျိုးကမ်းပေးပါ့မယ် "
" Min ကိုယ်တိုင်ပေးချင်လို့ပါ..အထိန်းတော်ကြီးရဲ့ "
ပျက်စီးယို့ယွင်းမှုတွေ များပြားသွားတဲ့ တော်ဝင်တိုင်းပြည်မှာ တိုင်းသူပြည်သားတွေရဲ့စားဝတ်နေရေးကလဲ အတော်ပင်ကျပ်တည်းသွားရသည်။ ထို့ကြောင့် Min တို့နန်းတော်ထဲမှ တိုင်းသူပြည်သားတွေအတွက် ဆန်၊ ဆီ.. ပဲ စသဖြင့်လာရောက်ပေးကမ်းနေခြင်းဖြစ်သည်။
" ကျေးဇူးတင်ပါတယ်..ကျေးဇူးအများကြီးတင်ပါတယ်.."
ဆန်ထုတ်ကိုယူပြီးနောက် ကျေးဇူးတင်စကား တဖွဖွပြောသွားသူတွေကိုကြည့်ရင်း Min ဝမ်းလည်းသာမိသလို ဝမ်းလည်းနည်းမိတယ်။ အခုဆို တော်ဝင်တိုင်းပြည်ပြန်လည်ဖွံ့ဖြို့းဖို့က အတော်ကြိုးစားရဦးမည်။ သေချာပေါက် Min ရဲ့အစ်ကိုတော်က လုပ်ဆောင်နိုင်မည်ဆိုတာကို ယုံကြည်ပါသည်။
တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ တပ်သားတွေရဲ့မိသားစုဝင်တွေကိုလဲ နစ်နာကြေးအဖြစ်ဘဏ္ဍာငွေတို့ကိုပေးအပ်ခဲ့ပြီး ရှင်သန်လျက်ကျန်ရှိနေခဲ့တဲ့ တပ်သားတွေကိုလဲ ထိုက်သင့်သလိုဆုချီမြှင့်ကာ ရာထူးတို့တိုးအပ်ပေးခဲ့သည်။ အစ်ကိုတော်Joon ဦးဆောင်စီစဥ်သမျှတွေက သိပ်ကိုစည်းကမ်းတကျဖြင့် ဂုဏ်ယူဖို့ကောင်းလှသည်။
အစ်ကိုတော်သည် တစ်ဖက်တိုင်းပြည်က ခေါင်းဆောင်ဖြစ်သူကိုသဘောတူစာချုပ်ဖြင့် လွှတ်ပေးခဲ့သည်။ ထပ်ပြီးတိုက်ပွဲဆိုတာရှိလာခဲ့ရင် အရှင်ထားမည်မဟုတ်ကြောင်းကိုလဲ ရှင်းလင်းစွာအသိပေးခဲ့သေး၏။ သို့ပေမယ့် ထိုသူတို့ကို Ram တိုင်းသူပြည်သားတွေက ပြန်လက်မခံကြောင်းကိုကြားသိခဲ့ရသည်။ အခုဆို Ram တိုင်းပြည်က မင်းမဲ့တိုင်းပြည်လိုဖြစ်နေတော့တာဖြစ်၏။
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfic" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."