p-9 z

520 10 0
                                    

နောက်တစ်နေ့ ပိုးကော်ဖီဆိုင်သို့ ရောက်လာသည်

ကော်ဖီလာသောက်တာလားဆို‌တော့ မဟုတ်ပါ ဒေါ်ဒေါ့်ကို လာစောင့်တာဆို ပိုမှန်ပေလိမ့်မည် ဒေါ်ဒေါ်က ဘယ်မှာနေလဲ ပိုးမသိ ဘယ်ကလဲ ပိုးမသိ  ဒေါ်ဒေါ့် နာမည်ကလဲ မသိ အသက် ဘလောက်လဲဆိုတာလဲ မသိ
ခက်ပါဘိေ‌ဒေါ်‌ဒ်ါနှင့် ပက်သက်လျှင်
ပိုးသိတာက တစ်ခုပဲရှိသည် အဲ့တာက ဒေါ်ဒေါ့်ကို ချစ်တာကိုပင်

ဟော ‌ဟိုမှာ ဒေါ်ဒေါ် ဆိုတဲ့ အမျိုးသမီးလေး
ကေို‌တွ့ရပါပြီ အရမ်းလှသည် ပါတိတ် ဝမ်းဆက် အဝါရောင်လေးနှင့်ေ‌ဒေါ်‌ဒါ့်ရဲ့အလှဟာ အခုခေတ် အပျိုဖျန်းတွေတောင် အရှုံးပေးလောက်ရသည်

ပိုးဒီဆိုင်မှာ အမြဲလာနေကျမလို့ ဒီဆိုင်က ဝန်ထမ်းတွေနှင့် အနည်းအငယ် ရင်းနှီးသည်

"အမ"

"ပိုး ဘာလိုလို့လဲ"

"ဘာမှ မလိုဘူး မေးစရာရှိလို့ ဟီး"

"အင်းမေးလေ အမသိရင် ဖြေ‌ပးလို့ရတယ်"

"ဟိုးက အမျိုးသမီး ကို သိလားအမ"

"ဪ သူက အမတို့ရဲ့ သူဌေးလေ"

"ဪ သူ့မှာ အိမ်ထောင်ရှိလား"

"အဲ့တာတော့ အမ မသိဘူး နာမည်ကိုပဲသိတာ"

"နာမည်က ဘာတဲ့လဲ"

"မြတ်ကျော့သွယ် တဲ့"

"နာမည်လေးက လှသား ဟီး ကျေးဇူးပါ အမ"

"အင်းရပါတယ်"

ဒေါ်ဒေါ်ဟာ ပိုးကိုမမြင် ဆိုင်ထဲမှာ လိုတာတွေကို လိုက်ကြည့်နေသည် လိုက်ကြည့်ရင်းမှ ပိုးကို မြင်သည်ထင်သည် ပိုးဆီကို လျှောက်လာသည်

ပိုးဆီကို လျှောက်လာတဲ့ ထေို‌ခြလှမ်းတွေကို ပိုးသဘောကျသည်

"ဟိတ် ကလေးမ"

"........"

"ကလေးမ"ကလေးမက သွယ်ခေါ်နေတာကို မကြားပါ သွယ့်ကိုပဲ စိုက်ကြည့်နေသည်
အတော်ဆိုးတဲ့ကလေးမပဲ

"......."

"ကလေးမ!!"အသံကျယ်ကျယ်အော်လိုက်မှ ထိုကလေးမ သွယ့်ကို ကြည့်လာသည်

"ရှင် ဟုတ်ကဲ့ ဒေါ်ဒေါ်"

"မင်း အင်္ကျီကို မနက်ဖြန်မှ ပေးမယ် ရတယ်မလား"

ဒုတိယ အကြိမ် ရင်ခုန်ခြင်းWhere stories live. Discover now