"ခဗျား ခြေထောက်ကရရဲ့လားဘာဖြစ်သွားတာလဲ"
မောင်အောင် လည်းကိုယ့်ကြောင့် ဖြစ်တာမို့လို့ သေချာမေးလိုက်ပါတယ်"ရပါတယ် ကားသံကြားတော့ ခြေခြင်းဝတ်ခွေပြီးကွကိုယ်လဲကျသွားတာ"
ဒီမိန်းကလေးဘယ်လိုမိန်းကလေးလည်းမသိဘူး"ကျုပ်ကိုပြပါဦး ဒဏ်ရာပြင်းတယ်ဆိုရင်ဆေးခန်းသွားရအောင်လို့"
"ရပါတယ် ကျန်မကို ကျန်မအိမ်ဘဲပို့ပေးပါ"
"ဟာ ဘယ်ဖြစ်မလဲ ကျုပ်ကြောင့်ဖြစ်သွားတာဘဲ ဒီမယ်ကြည့်ဦး ခဗျားခြေထောက်ကို ယောင်ကိုင်းသွားတာဘဲ"
မောင်အောင် ပြောလို့ပြောတာမဟုတ်ဘူး ဒီအမျိုးသမီးခြေထောက်ကအတော်လှတာဘဲ အင်း မလိုက်ဖက်စွာ ခြေခြင်းဝတ် ဖြူဖြူဖွေးဖွေးလေးမှာ ယောင်သွားတယ်"ရပါတယ် ကျန်မအိမ်ဘဲလိုက်ပို့ပါ ကျန်မအိမ်ရောက်မှဆေးထည့်လိုက်မယ်"
"အာ ဒီလိုလုပ်ပါလားကျုပ်အိမ်လိုက်ခဲ့ လေ ကျုပ်ဆေးထည့်ပေးမယ် ပြီးရင်ခဗျားအိမ်ကိုလိုက်ပို့ပေးမယ်လေ ဒီလောက်တော့လက်ခံပေးလေဗျာ"
နန်းလည်းပြောမရတော့အဆုံး
"ကြိုက်သလိုသာလုပ်တော့""ကဲကဲ ထားပါ နေပါဦး ခဗျားကဘာလို့ ကျုပ်ကားရှေ့ကဖြတ်တာလဲ ဖြတ်မှတော့ ဝင်တိုက်ရောပေါ့"
ဟုတ်ပါ့ နန်းဒီမိန်းကလေးပြောမှသတိရပြန်တယ် နန်းရဲ့အိမ်သော့လေး မဖြစ်ဘူး ဒီကောင်မလေးကို အကူအညီတောင်းမှရမယ်
"ဟုတ်တယ် ကျန်မအိမ်သော့ကျန်ခဲ့လို့ အမြန်ပြန်ယူတာ ကားကိုသတိမထားမိလို့ ဒီလိုလုပ်ပါလား ကျန်မကိုဆေးထည့်မပေးပါတော့နဲ့ ကျန်မကို ကူညီပေးချင်ရင် ကျန်မအိမ်သော့လေးကူရှာပေးပါလားရှင်"ဟက် မောင်အောင် သူပြောတဲ့ပုံစံကိုသဘောကျလို့ရီလိုက်မိတယ်
"ဘာရီတာလဲ သူများဒုက္ခရောက်နေတာကို ရီနိုင်တယ်နော်"
"မဟုတ်ပါဘူးဗျာ ခဗျားပြောတဲ့ ပုံစံလေးကိုသဘောကျလို့ပါ ခဗျားပြောတဲ့ ပုံစံလေးကလေ Pappy eyes လေးတွေနဲ့ အသနားခံတဲ့အသံလေးနဲ့မို့လို့ ဟက်"
"ဒီမှာ ဒီမှာ ရှင်ကူညီမှာလားမကူညီဘူးလား"
"မကူညီပေးဘူးဆိုရင်ရော...?"