အပိုင်း { ၅ } ( UNICODE )

366 13 0
                                    

ပိုင်မြတ်ဘုန်းသွင် အိပ်ရာနိုးတော့ ဘေးနားမှာ နွယ်နိုင်းက ရှိမနေတော့။ ချာတိတ်လေး ဘယ်ရောက်သွားတာလဲ။ ဘုန်းသွင်ကို မပြောဘဲ ပြန်သွားမည့် သူမျိုး မဟုတ်မှန်း စိတ်ထဲ လက်ခံထားသည့် တိုင်အောင် တရိပ်ရိပ် တက်လာသော စိုးရိမ်စိတ်များကြောင့် အခန်းပြင်သို့ ကပျာကသီ ထွက်လာမိသည်။

"ချာတိတ်"

နောက်မှ သိုင်းဖက်လာသည့် လူကြီးကြောင့် နွယ်နိုင်းမှာ ခါးများပင် ဆန့်တန်းသွားရသည်။ အိပ်ရာနိုးနေတာ ကြာနေပြီ ဆိုပေမဲ့ လူကြီး၏ အနွေးထည်ကို မလဲဖြစ်သေးဘဲ ဆက်ဝတ်ထားမိသောကြောင့် တစ်ကိုယ်လုံး နွေးထွေးနေရာမှ နောက်က ထွေးဖက်လိုက်သည့် လူကြီးကြောင့် နှလုံးသားကပါ နွေးခနဲ ဖြစ်သွားရသည်။ နွယ်နိုင်း လူကြီးဘက်သို့ လှည့်ကြည့်မိတော့ သူ့ကို စိုးရိမ်ခြင်း အငွေ့အသက်များ နေရာယူထားသည့် မျက်နက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

"ဘာဖြစ်လို့လဲ လူကြီး။"

"ကိုယ်က မင်း ပြန်သွားပြီ မှတ်နေတာ။ ဒါ ဘာလုပ်နေတာလဲ ချာတိတ်။"

လက်ထဲမှ တံမြက်စည်းကို ဆတ်ခနဲ လှမ်းယူရင်း မေးလာသည့် လူကြီးကြောင့် ရုတ်တရက် ဘာပြန်ဖြေရမှန်း မသိ။ တံမြက်စည်း ကိုင်ထားမှတော့ တံမြက်စည်း လှဲနေတာပေါ့။

"ကျုပ် တံမြက်စည်း လှဲနေတာလေ။"

"ဒါတွေ မင်း လုပ်ဖို့ မလိုဘူး ချာတိတ်။ နောက် ဘယ်တော့မှ မလုပ်နဲ့။"

"ကျုပ် လုပ်ပေးချင်လို့ပါ လူကြီးရာ။"

ဘုန်းသွင်ကို မျက်ဝန်းပြာများဖြင့် ပြန်မော်ကြည့်ကာ ခပ်တိုးတိုး ပြောလာသည့် နွယ်နိုင်း၏ နဖူးပေါ် ကျနေသည့် ရှေ့ဆံပင်အနည်းအကျဉ်းကို လက်ဖြင့် တယုတယ သပ်တင်ပေးပြီးမှ စကားဆက်ဖြစ်သည်။

"ချာတိတ် မှတ်ထား ..မင်း ကိုယ့်အိမ်မှာနေရင် မင်းက ဘုရင်ပဲ။ ဒီအလုပ်တွေ လုပ်စရာမလိုဘူး။"

"ဘာတွေလာပြောနေတာလဲဗျ။ ခင်ဗျားအိမ်မှာပါ ဆိုနေမှ ..ခင်ဗျားက ဘုရင် ဖြစ်ရမှာပေါ့။"

"မဟုတ်ဘူး ..ကိုယ်က စစ်သူကြီးပဲ လုပ်မှာ။ ဒါမှ မင်းကို ကာကွယ်ပေးလို့ရမှာလေ။"

ကြယ်ကြွေကောင်းကင် { Complete }Where stories live. Discover now