RESENCE

280 32 0
                                    

လက်ရွေးစင် ရေကူးအသင်းအဖွဲ့ဝင် ရှင်းမ်အွန်ဂျောင်နဲ့ အိုင်ဒေါလုပ်ဖို့ပြင်ဆင်နေတဲ့ အင်မ်ယယ်ရင်းမ်။

တစ်ယောက်ကိုတစ်ယောက် သဘောကျနေတဲ့စိတ်ကို မရိပ်မိကြလို့ ခြေတစ်လှမ်းလေး ထပ်လှမ်းလိုက်ရုံနဲ့တင် အဆင်ပြေမဲ့ အရေးကို မရေမရာနဲ့ အရိပ်အကဲလိုက်ကြည့်နေကြရတဲ့ အဲ့လို ဆက်ဆံရေး။

မျက်လုံးထဲထင်းခနဲဖြစ်နေစေမဲ့ ခပ်တောင့်တောင့်ကိုယ်ဟန်နဲ့ တိုင်းပြည်အဆင့် လက်ရွေးစင် အားကစားသမားဆိုတဲ့ အချက်ကြောင့် ကောင်မလေးအများစုရဲ့ နှလုံးသားကို ရရှိထားတဲ့ အွန်ဂျောင်း။
ယယ်ရင်းမ်ကတော့ ဒါတွေကိုမြင်ရင် စိတ်ထဲ ဘဝင်မကျဖြစ်မိပေမဲ့ သိသာအောင်တော့ မနေခဲ့ပါဘူး။

" Valentine Day ဆိုရင် လော်ကာထဲဖြစ်ဖြစ်၊ စာရေးခုံအောက်ဖြစ်ဖြစ် သကြားလုံးတွေ ချောကလက်တွေ လာထားသွားကြရင်ကောင်းမယ် ငါတောင်းစားလို့ရအောင် " ဆိုပြီး ဘာမှမဖြစ်သလိုရယ်မောနေတတ်ပေမဲ့ တကယ်တမ်းတော့ စိတ်ထဲ အဆင်မပြေဖြစ်ရတာက အင်မ်ယယ်ရင်းမ်ပါပဲ။

အစပိုင်းကတော့ ဘာကြောင့်မှန်း ကိုယ်တိုင်တောင် မသိခဲ့ပေမဲ့ အွန်ဂျောင်းရဲ့ကျောင်းပျက်ကွက်မှုကြောင့် ရင်ထဲဗလာဖြစ်နေသလို ခံစားရလေသည်။

နေ့တိုင်း အွန်းဂျောင်းကပဲ ဂရုတစိုက်လုပ်ပေးခဲ့တဲ့ အရာတွေက သူမရှိတော့ စိမ်းသက်နေတာကြောင့် ဖုန်းကိုဆွဲထုတ်လိုက်တယ်။
အာ ဟုတ်သားပဲ, ဒီနေ့သူအဖွဲ့လိုက်လေ့ကျင့်ရေးဆင်းရမဲ့နေ့ပဲ။

နေ့တိုင်း ဆံပင်ကို သပ်သပ်ရပ်ရပ်နဲ့ စုစည်းထားတာဖြစ်ဖြစ် ထုံးထားတာဖြစ်ဖြစ်လုပ်တတ်တဲ့သူက ဒီနေ့ဖားလျားချထားတာကြောင့် သူငယ်ချင်းတွေက " ဘာလို့ မစည်းလာတာလဲ " လို့မေးကြသည်။
ခေါင်းစည်းကြိုးမပါလာလို့လို့ အမှန်တိုင်းဖြေလည်းဖြစ်ပေမဲ့ " ဒီအတိုင်းမစည်းချင်လို့ " လို့အကြောင်းမဲ့လိမ်မိလိုက်သည်။

စိတ်ရှုပ်သွားတဲ့ အကြောင်းအရင်းကတော့ ဆံပင်တိုတိုလေးဖြစ်လျက်နဲ့ အမြဲတမ်း ခေါင်းစည်းကွင်းကို လက်ကောက်ဝတ်မှာဆောင်ထားတတ်တဲ့ အွန်ဂျောင်းကို စဉ်းစားမိသွားတာကြောင့်ဖြစ်ရပေမည်။

RESENCE [ Eunrim ] Where stories live. Discover now