အပိုင်း(၉)

1.6K 81 4
                                    

တဖြည်းဖြည်းဆယ်တန်းစာမေးပွဲကနီးလာသည်။စာမေးပွဲဖောင်တင်တဲ့ကိစ္စတွေပြီးသွားတော့ကျောင်းသွားစရာမလိုတော့ဘဲ အိမ်မှာသာ စာကြည့်ရသည်။ဂိုက်တီချယ်ကလည်း ‌အိမ်မှာမနေရုံတမယ် တနေကုန် နီးပါးအနီးကပ်စာသင်ပေးသည်။

စာမေးပွဲနီးလာတဲ့မောင့်ကို ဂရုစိုက်ပေးချင်ပေမယ့် summer project အတွက် ပြင်နေရတာနဲ့ company မှာညည့်နက်သည့်ရက်က များနေသည်။ ဂိုက်ဆရာမကိုပဲ မောင့်ကို သေချာလေးကြပ်မတ်ပေးဖို့ တောင်းဆိုထားရသည်။
"ပင်ပန်းနေပြီလား သမီး"

"ရပါတယ်ဖေဖေ ဒါပေမယ့် မောင်စာမေးပွဲဖြေရင်တော့ သမီးအလုပ်နားမှာနော်"

"သိပါ့ဗျာ ဒီစကားကို နှစ်စကတည်းကပြောနေတာ အလကားဖေဖေမေ့ပါ့မလား"

"ဟီး....ဖေဖေက အလုပ်တွေများနေတော့ မေ့သွားမှာစိုးလို့ သတိပေးတာပါနော်"

"ဟုတ်ကဲ့ ကျွန်တော်လည်း ချမ်းအေးမောင်ရဲ့ အဖေတော်ပါတယ်ခဗျာ သူ့စာမေးပွဲရက်လည်း မမေ့သလို ဟော့ ဒီကသမီးကြီးရဲ့ ဆန္ဒကိုလည်းမမေ့ရဲပါဘူးဗျာ"
ဖေဖေက သမီးနှစ်ယောက်ပေါ် အချစ်တွေညီတူညီမျှပေးခဲ့လို့ ကျေးဇူးတင်မိသည်။အခုလည်း နားပူလာလို့ ရွဲ့နေမှန်းသိပေမယ့် လိုအပ်တာ ဖြည့်စည်းပေးတတ်တဲ့ ဖေဖေ့ကို ထပ်မဆိုးရဲတော့။

Project အတွက် လိုအပ်တာကို အခုကတည်းက သေချာပြင်ဆင်ထားမှ မောင်စာမေးပွဲနေ့ စိတ်အေးအေးသွားနိုင်မှာမို့ ကြားကာလမှာ အသည်းအသန်ကြိုးစားနေရသည်။

သူသူကတော့ သူ့ဒယ်ဒီ ရုံးမှာ အလုပ်ပြန်ဝင်နေသည်။ သူငယ်ချင်းတွေ ဝေဖန်လေကန်မလုပ်ရသည်မှာလည်း စီးပွားရေးလောကထဲ ဝင်လိုက်ရကတည်းကဖြစ်သည်။

အလုပ်တွေပြီးလို့ အိမ်ပြန်တော့ ည11နာရီနီးပါး ရှိနေသည်။မေမေကတော့ ကျွန်မတို့ သားအဖကို အလုပ်ပဲ အားရုံရနေ၍ သိပ်မကြည်တော့ပါ။အခုတလော မိသားစုထမင်းဝိုင်းမဖြစ်မြောက်တာကြာခဲ့ရောပေါ့။
"ကို...ကျွန်မ သမီးကို ပေးနားပါဦး ရှင်က အားကိုးရှာတာလား နှစ်ယောက်ပေါင်းပြီး ကျွန်မတို့ သားအမိကို ပစ်ထားဖို့ ကြံရွယ်နေတာလား"

မုန်တိုင်းWhere stories live. Discover now