~သံယောဇဉ် ~
အပိုင်း(၁၄)
ကျောင်းဆင်းတော့ ကိုကိုအရင်ကပြောထားသည့်
စက္ကူပင်ရှေ့နားကနေ စောင့်နေလိုက်သည်။ သိပ်မကြာခင်မှာဘဲ ကိုကိုရောက်လာသည်။ငုဝါ ခေါ်ဖို့ပြင်လိုက်စဥ် ကိုကို့နောက်သို့ မြတ်နိုးနှင်းဆီက
ကပ်လျက်ပါလာလေသည်။ကိုကို့ကို အတင်းလိုက်ကပ်နေတာ
မသိသာလွန်းဘူးလား....ငုဝါနှင့်ပြန်မည်ဆိုတာ ကြိုသိနေလို့များ ကိုကို့နောက်ကနေ
ကပ်ပါလာတာလား....ဒါမှမဟုတ် ကိုကိုကဘဲခေါ်လာတာလား...သို့ပေမယ့် ကိုကိုက သူပါလာတာကို လုံးဝမသိသည့်ပုံစံမျိုးပါ။
"သူရ..."
ပခုံးပုတ်ပြီး ခေါ်တော့ ကိုကိုကလှည့်ကြည့်သည်။
"အော်....အိမ်မပြန်ဘူးလား.."
"နင်နဲ့အတူတူ ပြန်ချင်လို့လေ .....ငါတို့က တစ်လမ်းထဲဘဲဟာ.."
ငုဝါအိမ်နှင့် ကိုကို့အိမ်က တော်တော်ဝေးပေမယ့် မြတ်နိုးနှင်းဆီအိမ်နှင့် နီးသည်ဟု ငုဝါသိသည်။ စာသင်ခန်းထဲလည်း ကိုကိုနှင့်သူ တစ်လမ်းထဲနေတာဖြစ်ကြောင်း
ကြွားလိုက်ရတာမောလို့....ကိုကိုက ချောလွန်းလို့ ကြိုက်ကြတဲ့ကောင်မလေးတွေ လိုက်ကပ်သည့်ကောင်မလေးတွေ
ရှိကြသော်လည်း ဒီနှင်းဆီပွင့်မကတော့ တော်တော့်ကို မိုင်ပိုလွန်းသည်။ကိုကိုက ငုဝါကို တစ်ချက်လှမ်းကြည့်သည်။ ကိုကို့မျက်ဝန်းထဲမှာ ငုဝါကို အားနာနေပုံပေါ်နေသည်။
"အင်း.....ငါဝင်စရာလေးရှိလို့....ပြန်နှင့်လိုက်ပါလား...."
နှင်းဆီပွင့်မက ငုဝါကို သေချာကြည့်နေသည်။... သူကြည့်ရတာ ကိုကို သူနဲ့မပြန်ရမချင်း ကျောင်းရှေ့ကနေ သွားမည့်ပုံမပေါ်ပေ။
"ရတယ်လေ.... ငါလည်း အချိန်ရပါတယ်.... ကျူရှင်က ၅နာရီမှမို့လား... ဝင်လေ...."
ကိုကိုထပ်ပြီး ဆင်ခြေပေးဖို့ ခက်ခဲလွန်းလောက်အောင်ကို
ထိုမိန်းမကရဲတင်းလွန်းနေလေသည်။ ကိုကိုကြားက
နေရခက်မှာစိုး၍ ငုဝါကဘဲ စက်ဘီးကို
အိမ်ပြန်သည့်လမ်းဘက်သို့ လှည့်ပြီး ပြန်ဖို့ပြင်သည်။ထို့နောက်ပြန်လာခဲ့လိုက်တော့၏။
YOU ARE READING
~သံယောဇဉ်~
Romance. ကိုကို.......ငုငယ်ကို မချစ်ဘူး..... ကိုကိုချစ်တာ ရနံ့မွှေးတဲ့ပန်းတစ်ပွင့်ကိုဘဲ..... ငုဝါလို့ ပန်သူမဲ့တဲ့ပန်းကို ကိုကိုချစ်ဖို့ ကြိုးစားမလာဘူး.... သံယောဇဉ်ဆိုတာ မထားသင့်တဲ့အရာတစ်ခုဘဲ.....သံယောဇဉ်တွယ်မိသွားရင် အရာရာဟာ အရှုံးပေးဖို့ဖြစ်တည်လာတာ...