'အရေးကြီးအစည်းဝေးရှိလို့ အရင်သွားနှင်ပြီ ထယ်ယောင်းကိုအောက်ထပ်မှာစောင့်ခိုင်းထားတယ်'
စာရွက်ဖြူဖြူလေးပေါ်မှာရေးထားတဲ့ လက်ရေးလှလှလေးကိုကြည့်ရင်း ဆွန်မင်းရင်ထဲအနည်းငယ်ဝမ်းနည်းသွားသည်။
ငွေကြောင့်ဆွန်မင်းကိုသိမ်းပိုက်တယ်ဆိုရင်တောင် အနည်းဆုံးတော့ အကိုက်ခဲပျောက်ဆေးလေးဖြစ်ဖြစ်ထားပေးခဲ့သင့်တာပေါ့။ သူများအိမ်ကသားလေးကို စားချင်တိုင်းစားပြီးပြစ်ထားသွားတဲ့လူဆိုးကောင်ကြီး။"အဟင့် လူဆိုးကြီး"
ပါးပြင်ပေါ်က ဝမ်းနည်းမျက်ရည်တွေကို လက်ဖဝါးနုနုနဲ့အသာသုတ်ရင်း ထဟန်ပြက်လိုက်သည်။ နာကျင်နေတဲ့အောက်ပိုင်းကြောင့် လူကမွေ့ယာထဲပြန်ကျသွားရသည်။
"အ့ နာလိုက်တာ စာနာစိတ်မရှိတဲ့လူကြီး လူကိုသူမခံရတိုင်းသေအာင်လုပ်သွားတယ် လူဆိုးကောင်ကြီး အီးးးဟီးးး"
ကလေးလေးတစ်ယောက်လို အော်ငိုကာ နာကျင်နေတဲ့ခန္ဓာကိုယ်အောက်ပိုင်းကို အရေးမစိုက်ဟန် အားတင်းလို့ရေချိုးခန်းထဲဝင်ပြီး ရေမိုးချိုးကာသန့်စင်လိုက်သည်။
အောက်ထပ်ကိုရောက်တော့ အဆင်သင့်စောင့်နေပေးတဲ့ ထယ်ယောင်းဆိုတဲ့အစ်ကိုက ဆွန်မင်းကိုမြင်တာနဲ့ အပြေးလာကြိုသည်။
"အစ်ကိုလေးရရဲ့လား"
ထော့နဲ့ထော့နဲ့လမ်းလျှောက်လာတဲ့ဆွန်မင်းပုံစံကိုကြည့်ပြီးမေးလာတာကြောင့် ဆွန်မင်းမှာရှက်လွန်းလို့ မျက်နှာပြင်လေးဟာ ခရမ်းချဥ်သီးလေးလိုနီရဲသွားရသည်။
"ရ ရပါတယ်ဟျောင်းရဲ့"
"အစ်ကိုလေး တစ်ကယ်အဆင်ပြေရဲ့လား"
"ရပါတယ်ဆိုဗျာ ထပ်မမေးပါနဲ့တော့ဟျောင်းရယ် ကျွန်တော့်အိမ်ကိုသာမောင်းပေး"
"အစ်ကိုလေးအိမ်ကိုတော့ ပြန်လို့မရဘူးဗျ"
"ဗျာ ဘာလို့လည်း"
"ဥက္ကဌလီက မနေ့ကတည်းကအစ်ကိုလေးပစ္စည်းတွေအကုန် သူ့အိမ်ကိုပို့ခိုင်းထားပြီးပြီဗျ အခုလည်းအစ်ကိုလေးကို သူ့အိမ်ပို့ဖို့ပြောထားတယ်ဗျ အဲ့တာကြောင့်
အစ်ကိုလေးအိမ်ကိုပို့လို့မရပါဘူးဗျ"
YOU ARE READING
My Doll(2Min MM)
Fanfictionကင်မ်ဆွန်မင်းက ကြွေရုပ်လေးလိုဘဲနူးနူးညံ့ညံ့နဲ့သိပ်လှပတာ...