Chapter-(1)

102 12 11
                                    

2023၊ November 18

"ဟူး~"

ပျင်းလျတဲ့သက်ပြင်းချသံနဲ့အတူမျက်၀န်းလေးထဲကအရည်လေးတွေမှာလဲပါးပြင်ပေါ်သို့ဖြေးညှင်းစွာကျစီးလို့နေသည်။မိုးရွာထဲမှာရပ်နေတာဘယ်လောက်ကြာပြီလဲမသိ။တစ်ကိုယ်လုံးလဲစိုရွှဲနေပြီ။ဆေးလိပ်ငွေ့အနံ့တွေကလဲတစ်ထောင်းထောင်းထကာတစ်ကိုယ်လုံးကလဲAll blackကိုမှအနက်ရောင်ကုပ်အရှည်ကြီးက၀တ်ထားသေးတာဆိုတော့ဖြတ်သွားဖြတ်လာတွေကမသိရင်လူသတ်သမားလို့တောင်ထင်သွားနိုင်တယ်။တကယ်ဆိုကြေကွဲနေတယ်လို့ပြောလျှင်ပိုမှန်မည်။

သူအခုဆိုဘာတွေလုပ်နေလောက်မလဲ။နောက်တစ်ယောက်ရနေပြီလား။ကျွန်တော့်ကိုချစ်သေးရဲ့လား။ကျွန်တော့်ကိုမေ့သွားပြီလား။ထိုကဲ့သို့တွေးတိုင်းကျွန်တော်ရင်နာရတယ်။ရင်ဘက်ထဲကတစ်နေရာရာကနာလာတယ်။ကျွန်တော့်မှာဘယ်သူမှမရှိတော့ဘူး။ဘ၀ကြီးထဲကထွက်သွားတဲ့သူကထွက်သွား၊အ၀ေးရောက်တဲ့သူကရောက်သွားနဲ့။ဒီနှစ်ကအထက်တန်းနောက်ဆုံးနှစ်။ဒီအတန်းပြီးရင်တက္ကသိုလ်တက်ရတော့မယ်။ကျွန်တော်ကတော့ကျောင်းမတက်ဘူး။Onlineကနေအတန်းတင်ပေးတဲ့ဟာဘဲတက်တယ်။နိုင်ငံရေးတွေသာဂယက်မထခဲ့ရင်အခုလောက်ဆိုကျွန်တော်ချစ်တဲ့သူ၊သူငယ်ချင်းတွေအကုန်စုစုစည်းစည်းနေခွင့်ရဦးမှာ။ဖြစ်နိုင်ရင်သူငယ်ချင်းတွေအကုန်တစ်ခါလောက်ပြန်တွေ့ချင်​သေးတယ်။ဒါပေမဲ့လဲမဖြစ်နိုင်တော့ပါဘူးလေ။ဘာလို့ဆိုထွက်သွားတဲ့သူကထွက်သွား၊အ၀ေးရောက်တဲ့သူကရောက်၊နိုင်ငံခြားသွားတဲ့သူကသွားနဲ့။

အဲ့လိုမျိုးတွေးပြီးမျက်၀န်းလေးထဲကအရည်ကြည်လေးတွေကလဲအဆက်မပျက်စီးကျနေခဲ့တယ်။

------- 𝐴𝑙𝑤𝑎𝑦𝑠, 𝑅𝑒𝑚𝑒𝑚𝑏𝑒𝑟 𝑚𝑒 -------

2019၊ June 1

ကျောင်းတွေစဖွင့်လို့အလယ်တန်းပထမနှစ်ရဲ့ပထမဆုံးနေ့မှာဘာတွေလုပ်ရမလဲတွေးပြီးပျော်နေတဲ့သူတစ်ယောက်။အခုမှကျောင်းပြောင်းလာတာမလို့အခန်းကိုအရင်ရှာရဦးမယ်။အခန်းရှာနေရင်းလှေကားပေါ်တက်ရင်းကျောင်းအပ်တုန်းကသိခဲ့တဲ့တီချယ်နဲ့တွေ့တော့တီချယ်ကကျွန်တော့ကိုအရင်နှုတ်ဆက်လာတယ်။

𝐴𝑙𝑤𝑎𝑦𝑠, 𝑅𝑒𝑚𝑒𝑚𝑏𝑒𝑟 𝑚𝑒💔🥀Where stories live. Discover now