Strawberry Lips

237 22 4
                                    


-2000ခုနှစ်-

ငယ်စဥ်ထဲက သစ်ပင်၊ ပန်းပင်စိုက်ရတာကိုအလွန်ပင်နှစ်သက်သူမို့ အခုလည်း တီတီလေးရဲ့ စတော်ဘယ်ရီခြံထဲမှာ အလုပ်ရှုပ်နေသည်။

"ဘင်းနီး"

"ဗျာ တီတီလေး"

"တီတီလေးကို ဒီစတော်ဘယ်ရီခြင်းကို နှစ်ခြံကျော်က တိုက်ပြာလေးကိုသွားပို့ပေးပါ့လား"

"ဟို..အန်ကယ်ဟုန်းတို့အိမ်မလား"

"ဟုတ်တယ်ဘင်းနီး ဂရုစိုက်သွားနော်"

ဝန်ဘင်းလည်း စတော်ဘယ်ရီအပြည့်ထည့်ထားတဲ့ခြင်းဖြူလေးကိုယူကာ ထိုအိမ်သို့ထွက်ခဲ့သည်။

"အိမ်ရှင်တို့!"
"အန်ကယ်ဟုန်း!"
-ဘယ်သူမှမရှိကြဘူးလားမသိဘူး-

ဝန်ဘင်းတစ်ယောက်အိမ်မှာဘယ်သူမှမရှိသောကြောင့် ဘာလုပ်ရမှန်းမသိပဲ လက်ထဲကစတော်ဘယ်ရီခြင်းကိုသာ စိုက်ကြည့်နေသည်။ ထိုစဥ်

"ဟိတ်ကောင်လေး စတော်ဘယ်ရီလာပို့တာလား" အပြင်ကပြန်လာတော့ ခြံရှေ့မှာ ခြင်းတစ်ခြင်းဖြင့် ကျောက်ရုပ်လိုရပ်နေသောကောင်လေးကို မေးလိုက်သည်။

"ဗျာ! ဟုတ်တယ်ဗျ အန်ကယ်ဟုန်းကစတော်ဘယ်ရီအဖြူရောင်ကိုကြိုက်တာ တီတီလေးကသိလို့ ပေါ်ကာစလည်း​ဖြစ်လို့လာပို့ပေးတာပါ"

"အော် ကိုယ်တောင်မသိတာကို"

"ခင်ဗျာ?"

"ဘာမှမဟုတ်ပါဘူး ဒါနဲ့လေ စတော်ဘယ်ရီဆိုကိုယ်ကအနီရောင်မှကြိုက်တာ"

"ဒါဆို အဲ့ဘက်အားရင် ခြံဘက်ကိုလိုက်ခဲ့ပါ့လား ကျွန်တော်ကိုယ်တိုင်ခူးပေးပါ့မယ်"

"ကောင်းပြီလေ ကိုယ်ဒါသွားထားလိုက်ဦးမယ်ခဏနော်"

"ဟုတ်"

Beanieလေးဆောင်ထားသည်မို့ မျက်နှာလေးသာမြင်နေရပြီး ချမ်းလို့ထင်တယ် လက်ကလေးတွေက ခြင်းဖြူလေးကိုလွှတ်လိုက်သည်နှင့် အကျီအိတ်ကပ်ထဲကသို့ ထည့်ထားသည်။ ဘယ်လိုအကောင်ပေါက်လေးမှန်းမသိတဲ့ ထိုကောင်လေးကိုဆွန်းဟန်မြင်မြင်ချင်းအသည်းယားမိနေပါသည်။

"သွားမယ်လေ"

ဝန်ဘင်းခေါင်းငြိမ့်ပြလိုက်ပြီး ခြံလေးဆီသို့ဦးတည်ခဲ့ကာ စကားတစ်ချို့လည်းပြောခဲ့ကြသည်။

𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐋𝐢𝐩𝐬Where stories live. Discover now