(၃၆)

5K 671 52
                                    

Unicode



Estrus ကာလ အပီအပြင် ကုန်ဆုံးသည့် နေ့မှ စတင်ကာ ဖုရှောင်ယွီ၏ အချိန်တွေသည် အိမ်အလုပ်တွေ လုပ်ရင်း ကုန်ဆုံးသည်။

သူ သိပ်ဝတ်လေ့ဝတ်ထ မရှိသည့် အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲ ပစ်ထည့်ကာ အကုန် လျှော်လိုက်သည်။ အခြောက်ခံပြီးသွားသည့်အခါ အချို့ကို မီးပူတိုက်ပြီး တချို့ကို အကာ တထပ်စွပ်ကာ ချိတ်သိမ်းထားလိုက်၏။

ဖုရှောင်ယွီတွင် အဝတ်လဲခန်း တခန်းသက်သက်ရှိပြီး အခန်းထောင့်ပါမကျန် အကုန်ရှင်းလင်းပြီးဖြစ်သော်လည်း စိတ်ကျေနပ်မှု မရနိုင်သေးဘဲရှိသည်။

သူ အလုပ်စလုပ်ကတည်းက အားလပ်ချိန်သည် သူ့အတွက် ရှားပါးလာပြီး  ဗီလာကလည်း ကြီးမားလွန်းလေရာ သန့်ရှင်းရေးအတွက် အပတ်တိုင်း လူခေါ်ထားရသည်။

အိမ်သန့်ရှင်းရေး လုပ်ပေးသည့် အဒေါ်ကြီးနှစ်ယောက်မှာ သူတို့၏ တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်ကြသည့်အတွက် အိမ်တဝိုက် အချိန်အတော်ကြာ ပတ်လျှောက်ကြည့်လျှင်တောင် သူ လုပ်လို့ရတာ ဘာမှ မတွေ့ဘဲရှိနေ၏။

ဖုရှောင်ယွီ ခဏမျှ စေ့စေ့ပေါက်ပေါက် စဉ်းစားပြီးသွားသည့်အခါ မာစတာအိပ်ခန်းရှိ အိမ်သာကို စောင့်ကြောင့်အနေအထားဖြင့် ထိုင်ကာ သေချာ သန့်စင်ဆေးကြောလိုက်သည်။

မှန်ပါ၏။ ခု သူ လုပ်နေသမျှအားလုံး ပုံမှန်မဟုတ်သည့် အပြုအမူတွေပင်။

ဆရာဝန်နှင့် ရွှီကျားလဲ့တို့ နှစ်ယောက်စလုံးက သူ့ကို ကောင်းကောင်း အနားယူဖို့ ပြောခဲ့သည့်တိုင် အနည်းငယ် ကိုယ်လက်မအီမသာဖြစ်သည်နှင့် နှိုင်းယှဥ်မည်ဆိုပါက စိတ်အဆင်မပြေမှုက ပိုများနေပြီး တကယ်ကို အလုပ်ရှုပ်နေဖို့ လိုအပ်သည်ဟု ခံစားနေရ၏။

မူလက သူသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ရှောင်ရှားရန်အတွက်  အလုပ်အပေါ်တွင်သာ စိတ်ကို နှစ်မြှုပ်ထားခဲ့သော်လည်း B တက္ကသိုလ်သို့ မသွားမီတွင် ရွှီကျားလဲ့ဆီမှ သင်ယူခဲ့သည် "ခေါက်ထားလိုက်" ဟူသည့် စကားတခွန်းက သူ့အပေါ် လွှမ်းမိုးထားခဲ့သည်။ ထို့ကြောင့်ပင် IM Group မှ လူများကိုပါ အကုန် အဆက်အသွယ် ဖြတ်ချထားပစ်ခဲ့တာဖြစ်ပါ၏။ သို့သော်လည်း ဤသည်က သူနှင့် ကျင့်သားရနေပြီးဖြစ်သည့် လုံခြုံရေးဧရိယာကို တိုက်ရိုက် အဆုံးအရှုံးဖြစ်သွားစေလိမ့်မည်ဟူ၍တော့ မမျှော်လင့်ထားခဲ့မိချေ။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now