''အဟွတ်ဟွတ်...''
နေညို အဆုတ်ထဲဝင်သွားသည့်ရေတချို့ ပြန်အန်ထွက်လာပြီးအသိစိတ်ပြန်ဝင်လာသည်။ဝေဝေဝါးဝါးအမြင်အာရုံဟာ ပုဇွန်ဆီရောင်သမ်းနေသည့်နေလုံးကြီးကိုသာ ထင်ထင်ရှားရှားမြင်နေရသည်။
''အောင်မယ်လေးခတ္တာ ကျုပ်သားလေး အသက်ရှင်ပြီ''
ခန္ဓာကိုယ်တစ်ခုလုံးတင်းကြပ်စွာပွေ့ဖက်ခံလိုက်ရသည်။နေညိုဘေးဘီကိုကြည့်လိုက်တော့ဘေးတွင်လူအယောက်၂၀လောက်ရပ်နေကြ၏။
''ခတ္တာ အမလေးအထွေးလေးရယ်ဘာလို့အဲ့လိုလုပ်သလဲ အစ်မတို့ဖြင့်ရင်တွေကြေမည့်တော့မယ်''
ဘေးတွင်မိန်းကလေးတစ်ယောက်ဟာနေညိုလက်ကိုကိုင်၍ရှိုက်ကြီးတငင်ငိုနေသည်။ပြီးတော့ 'ခတ္တာ' လို့နေညို့အားဘာလို့ခေါ်နေကြတာလဲ ဟုနေညိုတွေးလိုက်မိသည်။ ထိုလူတွေဝတ်စားဆင်ယင်ပုံဟာအတော်လေးတောကျ၍ အားလုံးခပ်နွမ်းနွမ်းတွေ။
''အထွေးလေးအခုလိုဖြစ်ရတာ အမကြောင့် အမသဘောရှိတိုင်းလုပ်လိုက်လို့ ကျုပ်မောင်သေမလိုဖြစ်ရတာ''
ထိုစကားပြောသံတွေ လေယူလေသိမ်းများ အတော်လေးရှေးကျသည့်စကားပြောဆိုပုံ ။ နေညိုနားထဲအစီအရီဝင်လာသည့်အခြေတင်စကားများ ။နေညိုခန္ဓာကိုယ်တစ်ခုလုံးအေးစက်တုန်ယင်လာသည်။အမြင်အာရုံတွေထပ်၍ဝေဝါးလာပြီးခန္ဓာကိုယ်ဟာအင်အားဆုတ်ယုတ်သွားသလိုခံစားရ၏။ ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးဆိတ်ငြိမ်သွား၍ အားလုံးဟာမှောင်မိုက်ခြင်းအတိ။
'ထပ်ပြီး...ထပ်ပြီးတော့'။
(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)
ကြည်လင်နေသည့်ကန်ရေပြင်နားနေညို ဒူးလေးနှစ်ဖက်ပိုက်ကာထိုင်နေမိသည်။ နေညိုဒီကိုရောက်တာ ၇ရကျတိတိရှိလပွေီ Facebook လို လူမှုကွန်ရက်တွေ social appတွေနေနေသာသာ လက်ကိုင်ဖုန်းတောင်မရှိသည့်နေရာ တစ်နည်းအားဖြင့် ၂၁ရာစုမဟုတ်သည့် ၂၀ ရာစုကိုရောက်လာခြင်း။
ကိုယ်တိုင်ဒီသဘာဝလွန်နေသည့်ကိစ္စရပ်ကြီးနားလည်နိုင်စွမ်းမရှိ တကယ်တမ်းအိမ်မက်ဟုသာတွေးထားသော်လည်းအားလုံးဟာတကယ်ပဲလက်တွေ့တွင်ဖြစ်ပျက်နေသည်။ အချိန်ကူးပြောင်းလာခဲ့သည်လား အပြိုင်ကမ်ဘာလားဆိုတာနေညိုမသိ ဘာမှမတွေးချင် အဆိုးထဲကအကောင်းက ဝေဖန်အပြစ်တင်မှုတွေဘာဆိုဘာမှမရှိသည့်အတွက်နေညိုအေးအေးဆေးဆေးနေနေရခြင်း။
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romansနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...