"ဘယ်လိုလုပ်ဖြစ်မှာလဲ ရှင့်အိမ်မှာအိပ်လို့ ကျန်မနဲ့ရှင်နဲ့သိမှမသိတာ"
"ဖြစ်တာပေါ့ အန်တီနန်းရဲ့ ကျနော် မနက်ဖြန်ကျရင် အန်တီ့အိမ်သော့ကို အစားပြန်လုပ်ပေးမယ်လေ အဲ့ဒီကျေးဇူးကိုငဲ့သောအားဖြင့် ကျနော်အိမ်မှအိပ်ပါလားဟင် ပြီးတော့ အန်တီကဒီအိမ်မှာမအိပ်ရင်ဘယ်မှာအိပ်မှာတုန်း"
အင်း အဲ့တာလည်းဟုတ်တာဘဲ ဒီကလေးအိမ်မှမအိပ်ရင် နန်းလည်းအိပ်စရာအိမ်မရှိတော့ဘူးကို နန်းအိမ်သော့ကလည်းပျောက်သွားပီ အခုချိန်လောက်ဆို လူတယောက်ယောက်ကကောက်ပြီးတော့ ယူချင်ယူသွားလောက်တယ် ဒါမှမဟုတ် အမှိုက်ပုံးထဲ ရောက်ချင်ရောက်နေမှာ စိတ်ညစ်ပါတယ် ဒီ ကောင်မလေးနဲ့ နန်းနဲ့ကလည်းသိမှမသိတာ....
"အန်တီ အန်တီ မောင်အောင်ပြောတာကြားလားဟင်"
"အင်း ကြားပါတယ်"
"မောင်အောင့်အိမ်မှာဘဲအိပ်ပါနော် နော်လို့"
"ဟို ဟိုလေ အိပ်တာကအိပ်လို့ရပါတယ် ဒါပင်မဲ့"
"အိပ်လို့ရရင်ပြီးပီလေ ဘာဖြစ်လို့လဲ အော် အန်တီ့မိဘတွေစိတ်ပူမှာဆိုးလို့လား ဖုန်းနံပတ်ပေး မောင်အောင်ဖုန်းဆက်ပြီးပြော....."
"အန်တီ့မှာ မိဘမရှိဘူး"
"ဗျာ ဟို Sorry ပါနော် မောင်အောင်ကမသိလို့ပါ "
"ရပါတယ် နှစ်တွေအတော်ကြာခဲ့ပြီဘဲ"
နန်း ကမိဘမဲ့ တစ်ယောက်လို့ပြောလိုက်ရင် နန်းတွေ့ခဲ့ဖူးတဲ့လူတွေလိုမျိုးဘဲ ဒီကလေးမလေးလည်း နန်းကိုအထင်သေးလောက်မယ် နန်းကြည့်ကောင်းအောင်ဘဲပြောလိုက်ပါတယ်"ဒါဆို အန်တီနန်း မောင်အောင့်ဆီအိပ်လို့ရလားဟင်"
"ရှင် ကျန်မကိုယုံတယ်နော် အခုမှတွေ့တဲ့ တစိမ်းကို"
ယုံတာမဟုတ် ချစ်မိသွားတာပါလို့ပြောချင်ပင်မဲ့ထွက်ကျလာတဲ့စကားတစ်ခွန်းက
"ကူညီပေးချင်ယုံသက်သက်ပါ"တဲ့ အင်း...မာန မာန"ဘာဘဲဖြစ်ဖြစ် ယုံလို့ဘဲမလား?"
"ဟုတ်"
"အင်းပါဟုတ်ပါပီ ရှင်ကကူညီပေးချင်တယ်ဆိုတော့လည်း ကျန်မ လာအိပ်ပါ့မယ် ကူညီရအကျိုးနက်အောင်လို့ပေါ့"