''အားပါပါထုစမ်းပါကိုအတာရယ်အားမရလိုက်တာယဥ်ယဥ်ပဲလုပ်ပေးပါမယ်ဆိုမှ''
''ဟဲ့အရမ်းကြမ်းရင် ကျိန်းလို့အရည်တွေပါထွက်လာပြီဒီမှာကြည့်''
''အို ...နီနေပြီပဲ''
ခတ္တာအိမ်ကြီးသန့်ရှင်းရေးလုပ်ပြီးပြီးချင်းအရီးစုံတို့ဟင်းချက်နေတာကိုဝိုင်းကူချင်သည့်အတွက်ယဥ်ယဥ်ထောင်းနေသည့်ငရုတ်စုံအားလု၍ ဝင်ထောင်းလိုက်သည်။ ပထမတော့ဟုတ်မလိုလိုနှင့်ကြက်သွန်နီရဲ့အပူကြောင့်မျက်လုံးကတအားကျိန်းစပ်ပြီး မျက်ရည်တွေပါကျလာ၏။
''ငါ မရတော့ဘူး နင်ပဲဆက်လုပ်တော့''
''ဒါနဲ့များ သူများငရုတ်စုံကိုဝင်လုနေသေးတယ်''
''ဟဲ့ကျုပ်သားကကိုကူချင်လို့နေမှာပေါ့ သူမလုပ်နိုင်ညည်းလုပ်လိုက် လျှာကိုရှည်တယ် တကယ်တည်း''
ယဥ်ယဥ်ကအရီးစုံနှင့်ခတ္တာကိုတလှည့်စီကြည့်၍မျက်စောင်းထိုး၏။ခတ္တာ ကျေနပ်အားရစွာရယ်လိုက်တော့ အရီးစုံကပါတ ဟားဟားနှင့်ရယ်တော့သည်။ ဒီရက်တွေတွင်းအရီးစုံနှင့်ခတ္တာဟာတကယ့်သားအမိအရင်းချာတွေလိုပင်။အရီးစုံက 'သား'ဟုတစ်ခါတစ်ခါခေါ်တိုင်းရင်ထဲနွေးထွေးသလို အမေ့ကိုလဲသတိရမိ၏။
ကြက်သွန်နီကြောင့် စပ်နေသောမျက်လုံးနှစ်ဖက်ကြောင့်ခတ္တာနေရာမှထလာပြီးအုတ်ရေကန်ဆီအမြန်သွားရသည်။လက်တွေကိုသေချာဆေးပြီးမှ မျက်လုံးကိုရေနှင့်ဆေးလိုက်သည်။မိနစ်အနည်းငယ်လောက်နေတော့ မျက်လုံးပိတ်ရဖွင့်ရအဆင်ပြေသွားပြီးပုဆိုးစကိုဖြေ၍ ရေစိုနေသည့်မျက်နှာကိုခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏။
''လူလေး...အိမ်ကြီးရှေ့မှာထားထားတဲ့ပစ္စည်းအိတ်တွေသွားသယ်ပြီး အနောက်ဖက်ပို့ထားလိုက်ဦး ဧည့်သည်တွေလာမှာမလို့ ရှုပ်နေရင်အမြင်မသင့်ဘူး''
''အခုပဲသွားရွေ့လိုက်မယ်ဘထွေး''
''အေးအေး''
ခတ္တာပုဆိုးကိုပြင်ဝတ်လိုက်ပြီးအိမ်ကြီးဘက်လျှောက်လာခဲ့သည်။အိမ်ကြီးရှေ့ရောက်သည့်အခါအတွင်းမှ တယောသံလွင်လွင်ကိုကြားရသည်။ဦးမျိုးဆက်ထင် စိတ်ကြည်နေတဲ့အချိန်ဆို ဓာတ်စက်နှင့် တယောသံခပ်အေးအေး ပါသည့်ဓာတ်ပြားကိုဖွင့်တတ်သည်ကိုခတ္တာသိနေပြီဖြစ်သည်။
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...