''အချိုတည်းဖို့ဖရဲသီးစိတ်လေးစားပါဦးသူဌေးကြီး''
ဆက်ထင်ထမင်းစားပြီးနောက် ဒေါ်စုံလာချပေးသည့် ဖရဲသီးစိတ်ကလေးနှစ်စိတ်အားခက်ရင်းနှင့်ထိုး၍ စားကြည့်လိုက်သည်။ ဖရဲသီးရာသီမလို့နေပါမည်သဘာဝအတိုင်း အတော်လေးချိုပြီး စား၍ကောင်းသည်။
'' ခြံထဲဆင်းကြည့်စမ်းပါဦးသူဌေးကြီး ခတ္တာပြန်ပျိုးထားတဲ့သခင်မကြီးရဲ့ပန်းတွေပွင့်နေလေရဲ့''
''ဟုတ်သလားဒေါ်စုံ''
''ဟုတ်ကဲ့ အဲ့ဒီကောင်လေးတစ်ယောက်မနက်ကတည်းကပန်းတွေပွင့်တာကိုပျော်ရွှင်ခုန်ပေါက်နေတော့တာ ခုထိ ပန်းရုံနားမှာပဲ''
''ကျုပ်သွားကြည့်လိုက်ပါဦးမယ်''
ဆက်ထင် ထမင်းစားခန်းထဲမှထွက်လာပြီးခံတွင်းချဥ်ပျောက်အောင် ဆေးပေါလိပ်တလိပ်ကိုမီးညှိ့၍ ခြံထဲဆင်းလာခဲ့သည်။ မလှမ်းမကမ်းတွင် ရှိနေသည့် ပန်းရုံနားတွင် ဖိနပ်ဖင်ခုထိုင်လျက် ခေါင်းတလှုပ်လှုပ်နှင့်ခတ္တာအား ဆက်ထင်တွေ့ရသည်။ ဆေးပေါလိပ်ကိုတဖွာရှိုက်လိုက်၍ ထိုအနားသို့ခြေသံဖွဖွနှင့်လျှောက်သွားလိုက်၏။
ခတ္တာက မြေဆွေးပုံမဲမဲကိုဖြန့်လျက် အထဲက အမှိုက်စတို့အားတစ်စချင်းဖယ်နေသည်။
''မြို့ထဲလမ်းမပေါ် ကားရောင်စုံများစွာ တစ်စီးမှကိုယ်မပိုင်ပါ အိမ်ခန်းပေါင်းများစွာလဲမြို့လယ်မှာရှိတာတစ်ခန်းမှမပိုင်ပါဘူး''
ခတ္တာခပ်တိုးတိုးညည်းနေသည့်ထူးဆန်းသည့်သံစဥ်နှင့်သီချင်းစာသားကြောင့် ဆက်ထင်ရယ်ချင်စိတ်ကိုနှုတ်ခမ်းတင်းတင်းစေ့၍ထိန်းထားရသည်။အနောက်တွင် မသိအောင်ရပ်နေလျက် ဆက်ပြီးထွက်လာမည့်အသံကိုနားစွင့်နေလိုက်သည်။
''မိန်းကလေးတွေတကယ်ကိုများ ဘယ်သူ့မှတို့မပိုင်ပါလား အားလုံးထဲမှာမင်းတစ်ယောက်တော့လေ အိုတို့ပိုင်ဆိုင်ပါရစေ ပိုင်ရှင်မရှိသေးတဲ့ဗိုက်ကြီးသည် ပိုင်ရှင်တို့ဖြစ်လိုက်ချင်ပါတယ်''
ဆက်ထင်လက်ပိုက်ကာ မျက်နှာအား လက်တဖက်ဖြင့်ကိုင်၍ ခေါင်းခါလျက် သွားတန်းများပေါ်အောင်ရယ်လိုက်မိသည်။ ပထမဆုံးကြားဖူးသည့် သီချင်းသံစဥ်မျိုးနှင့် အတော်ရယ်ရသည့်သီချင်းစာသားပင် ထိုကြားထဲတွင် အသံသေးသေး ခေါင်းတလှုပ်လှုပ်ကပါဝင်အားဖြည့်ထားသေးသည်။
YOU ARE READING
Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed
Romanceနေညိုသွေးဆိုတဲ့ကောင်လေးတစ်ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့် သူ့ဘဝကိုလက်လျော့လိုက်ပြီး သေကြောင်းကြံစည်ခဲ့တယ် သို့ပေမယ့် အချိန်ကူးပြောင်းပြီး ၂၀ ရာစုကခတ္တာဆိုတဲ့ ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်မွေးဖွ...