Always (kookjin)

770 111 13
                                    


"ကိုယ်တို့ခိုးပြေးကျရအောင် ဆော့ဂျင်
ဘယ်သူမှမသိနိုင်မဲ့နေရာမှာ
ဆော့ဂျင်ရယ် ကိုယ်ရယ် ဆော့ဂျင်သိပ်ကြိုက်တဲ့နှင်းဆီအနီတွေဘဲရှိမဲ့လောကကြီးဆီ ကိုယ်တို့ထွက်ပြေးကျရအောင်ကွယ်"

မိုက်ရူးရဲရဲဆန်ဆန် ဂျွန့်စကားလုံးတွေအကြား ဆော့ဂျင်တိတ်ဆိတ်သွားမိ၏။
ဂျွန်ကသိနေသည့်အလား ဆော့ဂျင်လက်ဖျားထိပ်ကလေးတွေကိုဖွဖွလေးဆုပ်ကိုင်လာလေသည်။

"ကိုယ့်ကိုယုံပါဆော့ဂျင် ကိုယ့်ကိုယုံပါကွာ "

စိတ်အားထက်သန်နေတဲ့မျက်ဝန်းညိုလေးတွေကို ဆော့ဂျင်မျက်ကွယ်မပြုရက်ပါ။ မျက်စိကိုတင်းတင်းမှိတ်ပြီး ရဲရဲကြီးချလိုက်တဲ့ဆုံးဖြတ်ချက်ကလေးသည် နောင်တရလာဖို့မရှိကြောင်း ဂျွန့်ကိုသက်သေပြစေလိုပါသည်။ နားဖျားလေးပေါ်ညှပ်တင်ထားသည့် နှင်းဆီနီလေးကို ဂျွန့်လက်ဖဝါးလေးအတွင်းထည့်ပေးလိုက်သည်။

"ဒီနှင်းဆီနီလေးက ကျွန်တော့်ဘဝကို ကိုယ်စားပြုပါတယ်ဂျွန် ဂျွန့်လက်ထဲကိုကျွန်တော်အပ်လိုက်ပြီမို့
ဂျွန်ပန်ချင်ပန် လှန်ချင်လှန်လို့ရပါတယ် "

သို့သော်ဂျွန်သည် နှင်းဆီနီနီကိုပန်လည်းမပန်ဆင်ခဲ့သလို မှောက်ခြင်းလှန်ခြင်းလည်းမပြုခဲ့ပါ။ နှုတ်ခမ်းပါးတို့ဖြင့် ခပ်ဖွဖွအနမ်းတစ်ခုကိုသာပေးခဲ့ပါ၏။

"အနမ်းတွေနဲ့ဘဲရှေ့ဆက်ချင်တာမို့ ဆော့ဂျင်ကိုကိုယ်စားပြုတဲ့ဒီပန်းတွေကို ကိုယ့်ကိုနမ်းရှိုက်ခွင့်သာပြုပါဆော့ဂျင်
ရှေ့လျှောက်ဖြစ်လာမဲ့အနာဂတ်မှာ ခလုတ်မထိဆူးမငြိဘဲထားနိုင်ပါ့မယ်လို့ ကိုယ်အာမ,မခံနိုင်ပေမဲ့ ဆော့ဂျင်ခလုတ်ထိတဲ့အခါ လဲမကျသွားအောင်ဖမ်းဆွဲပေးမဲ့သူ လဲကျခဲ့ရင်လက်ကမ်းထူမဲ့သူဖြစ်ပေးပါ့မယ်လို့ ကိုယ်ကတိပေးပါတယ် ကိုယ့်အသက်"

လက်ကျန်သက်တမ်းတစ်ခုလုံးစာပေးသော ကတိကဝတ်တို့သည် ပန်းကလေးတစ်ပွင့်ရှေ့တွင်သာ သစ္စာတိုင်တည်ခဲ့ခြင်းဖြစ်၏။
ရေစက်လှလှတို့၏ အစပြုရာမှာလည်း အလွန်ပင်ရိုးရှင်းလှပခဲ့ကြောင်းနှောင်းလူတွေသိကောင်းပါဘိ။ တခေတ်တခါဆီအလည်သွားကျစို့လား။ အတိအကျဆိုရလျှင် ၁၉၅၀နှောင်းပိုင်းက ကောင်လေးနှစ်ယောက်ရဲ့မေတ္တာသက်ဝင်ခဲ့တဲ့ကာလတွေလို့ပြောရမှာပေါ့လေ>>>

You've reached the end of published parts.

⏰ Last updated: Apr 01 ⏰

Add this story to your Library to get notified about new parts!

kookjin (one shot series) Where stories live. Discover now