နွေရာသီကြီးမှာ ထူးဆန်းစွာပင်
မိုးတွေ သဲကြီးမဲကြီး ရွာချနေသည်..။
ရာသီဥတုမသာယာသလို ငါစိတ်အခြေအနေကလဲ
ပုံမှန်ဟုတ်မနေပါ..။ ဒီနေ့ဟာ လကုန်တဲ့နေ့ပင်
ပြောရရင် mission ကို အဆုံးသတ်ရမဲ့နေ့..။အနားမှာရှိနေသည့် အစ်ကို့ကို ကြည့်လိုက်ရင်
အစ်ကိုဟာ ပြုံးပျော်လို့နေသည်..။ ဒီအပြုံးတွေက
နာရီပိုင်းမှာတင် ငါ့ကြောင့် ပျောက်သွားတော့မယ်..။မချစ်ဘူးလားမေးရင် ချစ်တာပေါ့..ဘယ်လောက်
တောင် ချစ်လိုက်ရသလဲ မြတ်နိုးတာ
ခေါင်းအစ ခြေအဆုံး ပိစိလေးတောင်
ပွန်းပဲ့မခံချင်ဘူး..။ ဒဏ်ရာရတာပဲ
ဖြစ်ဖြစ် မျက်ရည်ကျတာပဲဖြစ်ဖြစ်
ဒီကောင်က မကြည့်ရက်ဘူး ရင်နာလွန်းလို့..။ကြည့်ရတာ ကံတရားက ကျွန်တော်တို့
နှစ်ယောက်ကို ပျော်ခွင့်မပေးဘူး ထင်ပါရဲ့..။" အပြင်သွားကြမလား.."
" မိုးရွာနေတယ်မလား.."
" ရပါတယ် အစ်ကိုဘယ်သွားချင်လဲပြော.."
" Movie dateကြမလား.."
" ရတာပေါ့.."
အစ်ကိုဟာ ချက်ချင်းပင် ကုတင်ပေါ်ကနေ
ပြေးဆင်းသွားပြီး အဝတ်အစားသွားရွေး
လေသည်..။ ငါလဲ အစ်ကို လွတ်လွတ်လပ်လပ်
အဝတ်အစားလဲခွင့်ရအောင် အခန်းပြင်
ထွက်ပေးလိုက်သည်..။ခနကြာတော့ အစ်ကိုသည် အခန်းထဲကနေ
ထွက်လာသည်..။ ပန်းရောင် cardigan လေးကိုမှ
အောက်ကနေ အဖြူအောင် ရှပ်လေးနဲ့
တွဲဝတ်သွားသည်..။ ဘောင်းဘီက ဂျင်းအပွကို
ဝတ်ဆင်သွားပြီးအစ်ကိုဟာ ခပ်ပွပွ
အဝတ်အစားတွေထဲမှာ ပိစိလေးနစ်မြုပ်နေခဲ့သည်..။" သွားကြမယ်လေ.."
" အွန်းသွားမယ်.."
အိမ်တော်ထိန်းကို အပြင်သွားမယ်ဖြစ်ကြောင်း
ပြောပြီး ရုပ်ရှင်ရုံကို ထွက်လာခဲ့လိုက်သည်..။
လမ်းတစ်လျှောက်မှာ မိုးတွေဟာလည်း
ရွာသွန်းနေသည်..။ ကောင်းကင်ဟာလဲ
မဲမှောင်နေသည်..။ ရာသီဥတုတောင်
ဒီနေ့အခြေအနေကိုသိနေသလား အောက်မေ့ရသည်..။ဟိုရောက်တော့ အစ်ကိုသည် သူကြည့်ချင်သည့်
ဇာတ်ကားရဲ့လက်မှတ်နဲ့ မုန့်တွေအား
ဝယ်ယူနေသည်..။