Chapter(15)

153 7 0
                                    

သစ်တော၏အလယ်တွင် ‌ကြီးမားကျယ်ပြန့်သောကွင်းပြင်ကျယ်ကြီးတစ်ခုရှိနေသည်။ထိုနေရာသို့ အနက်ရောင်ကားများတစ်စီးပြီးတစ်စီးရောက်ရှိလာခဲ့သည်။ထိုကားများပေါ်ကဆင်းလာသောလူအားလုံး၏မျက်နှာသည် သွေးအေးတည်ငြိမ်၍တိကျပြတ်သားစွာဆောင်ရွက်တတ်သောအသွင်ကိုဆောင်နေသည်။သူတို့အားလုံးက ကွင်းပြင်အစပ်တွင်ရပ်၍တစ်စုံတစ်ယောက်ကိုစောင့်‌ဆိုင်းနေကြသည်။

သိပ်မကြာခင်၌သူတို့မျှော်လင့်နေခဲ့သောသူရောက်လာခဲ့သည်။နန်းဆက်၏ဟန်ပန်သည် အရှင်သခင်တစ်ယောက်ဖြစ်ကြောင်းသိသာလွန်းစွာဖြင့် ခမ်းခမ်းနားနားရှိနေခဲ့ပါသည်။နန်းဆက်က သူမအားအရိုအသေပြုလိုက်‌သောလူအားလုံးကို ပြန်လည်အသိအမှတ်ပြုကြောင်းအမူအရာဖြင့်ပြသလိုက်သည်။

ထို့နောက် အားလုံးကိုကျော်ဖြတ်၍ကွင်းပြင်အစပ်သို့လျှောက်လှမ်းသွားလိုက်သည်။နန်းဆက်သည် မြေပြင်ပေါ်သို့ မုဆိုးဒူးထောက်ထိုင်၍လက်စွပ်ဝတ်ထားသောလက်ဖြင့်မြေပြင်ကိုတို့ထိလိုက်၏။သူမ၏နှုတ်ခမ်းမှ ဂါထာတစ်ခုကိုခပ်တိုးတိုးရွတ်ဆိုလိုက်ပါသည်။ထိုခဏတွင် ဘာမှမရှိသောကွင်းပြင်ကြီးက ချက်ချင်းပြောင်းလဲသွားခဲ့ပြီး အဆောက်အဦးတစ်ခုပေါ်ပေါက်လာခဲ့သည်။

နန်းဆက်သည်အဆောက်အဦးကြီးကို တစ်ခဏတော့ ငေးမောနေမိသည်။အဆောက်အဦးကြီးမှာ ဟိုအရင်အချိန်များနှင့်မတူပဲ ဒီတစ်ခေါက်တွင် ခပ်စိမ်းစိမ်းအနေအထားဖြင့်နန်းဆက်ကို ဆီးကြိုနေသလိုခံစားရသည်။

နန်းဆက်က လက်ရှိအခြေအနေအရ မဖြစ်သင့်သောအနေအထားကြောင့် ဆိုးဝါးနေသောအတွေးများကို ချက်ချင်းမောင်းထုတ်လိုက်သည်။ထို့နောက်မိမိကိုယ်ကိုထိန်းလိုက်ရင်း မျက်နှာပေါ်တွင်ရှိသင့်သောမာန်မာနရိပ်တို့ကို ဖန်တီးယူလိုက်သည်။

နန်းဆက်သည် အဆောက်အဦးထဲသို့ ဦးဆောင်၍ဝင်ရောက်သွားခဲ့သည်။နန်းဆက်သည် ခန်းမဆောင်၏အလယ်ရှိစားပွဲကြီးဆီသို့လျှောက်လှမ်းသွားလိုက်သည်။

ထိုနောက် ဝတ်ဆင်ထားသောလက်စွပ်ကိုချွတ်၍ စားပွဲ၏အလယ်တည့်တည့်ရှိ အံခွက်ထဲသို့ထည့်လိုက်ပါသည်။အခြားသူများကလည်း သူတို့ဝတ်ဆင်ထားသော လက်စွပ်များကို ချွတ်၍ဘေးပတ်လည်ရှိအံခွက်များထဲသို့ထည့်လိုက်ကြပါသည်။

သက်တန့်မျှော်စင်💛Where stories live. Discover now