Chapter(16)

135 7 0
                                    

သက်တန့်သည်အတွေးမျိုးစုံဖြင့်ရှိနေ၏။စတင်၍ပြဿနာဖြစ်ကတည်းက တွေးမိသည်။ထိုပြဿနာသည် နန်းဆက်ထည်ဝါရဲ့လက်ချက်ပဲဖြစ်လိမ့်မည်ဟု........။

အဲ့ဒါကိုထပ်၍အများကြီးစဉ်းစားစရာမလိုခဲ့ပါ။နန်းဆက်ကသက်တန့်ဆီသို့‌စာရေးသားဆက်သွယ်လာခဲ့ခြင်းကြောင့်ဖြစ်သည်။

"မင်းရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး အဆင်မပြေဘူးလို့ကြားရတာ ကိုယ်စိတ်မကောင်းဘူး။ကိုယ်မင်းဆီကိုလာခဲ့မယ်။မင်းရဲ့အိမ်မှာ မင်းကိုတွေ့ရလိမ့်မယ်လို့ ကိုယ်မျှော်လင့်တယ်"

ရေးထားသောစာလုံးများကို ဖတ်ရင်း သက်တန့်စိတ်လေသွားရသည်။နန်း‌ဆက်က လိုချင်တာမရမချင်း သက်တန့်ကိုပြဿနာရှာဖို့ဆုံးဖြတ်ထားပုံရ၏။နန်းဆက်ရဲ့အခြေအနေကိုထိုစာသားများကြောင့်သက်တန့်သေချာသိလိုက်ရခြင်းက စိတ်ရှုပ်ထွေးစေပါ၏။

သို့သော် နန်းဆက်ကိုအိမ်၌စောင့်နေခဲ့မိသည်။ထိုအရာသည် သက်တန့်ရဲ့ပြဿနာကိုဖြေရှင်းလို၍မဟုတ်ပဲ နန်းဆက်ကိုတွေ့ချင်၍ဖြစ်သည်။နန်းဆက်ကိုအကြာကြီးရှောင်နေခဲ့မိခြင်းကြောင့် သူမကိုသက်တန့်လွမ်းသလိုခံစားနေရသည်။ထို့ကြောင့် နန်းဆက်ကိုတွေ့ဖို့အိမ်၌စောင့်နေခဲ့သည်။

သက်တန့်ရဲ့အိမ်သို့နန်းဆက်ပြောသည့်အတိုင်းသေချာရောက်လာခဲ့သည်။တံခါးဝတွင်ရပ်နေသောနန်းဆက်၏ပုံစံက နွမ်းလျနေဟန်ရှိသဖြင့်နေမကောင်းဘူးလားဟုသက်တန့်စိတ်ပူမိပြန်သည်။နန်းဆက်က သူမ၏ရင်ဘတ်ကိုဖိရင်းတစ်ခုခုကိုခံစားနေရဟန်ရှိသည်။

"နေကောင်းရဲ့လား နန်းဆက်"

သက်တန့်၏မေးခွန်းကို နန်းဆက်ကပြန်မဖြေခဲ့ပါ။မကြားလိုက်သလိုလုပ်ရင်း သူမပြောချင်ရာကိုသာပြောခဲ့သည်။

"ကိုယ်ဝင်လာခဲ့လို့ရတယ်မဟုတ်လား"

သက်တန့်က ဘာမှမပြောပဲ တံခါး‌ပေါက်မှဖယ်ပေးလိုက်သောကြောင့် နန်းဆက်က သက်တန့်ကိုမထိတထိလုပ်ရင်း အိမ်ထဲသို့ဝင်လာခဲ့သည်။မုန်းတီးစရာကောင်းသောနန်းဆက်ကိုကြည့်ရင်း သက်တန့်ပေါက်ကွဲနေမိသည်။သက်တန့်ကို ပြဿနာရှာနိုင်လွန်းသော နန်းဆက်ကြောင့် သက်တန့်အမြဲတမ်းစိတ်ရှုပ်ရတာကို မုန်းတီးမိသလို နှစ်သက်နေတတ်ပြန်သည်။

သက်တန့်မျှော်စင်💛Where stories live. Discover now