Chapter(18)

131 6 0
                                    

သက်တန့်ရဲ့ခေါင်းထဲတွင်ရုတ်တရက်မိုက်ခနဲဖြစ်သွားသောကြောင့်စားပွဲကိုလက်ဖြင့်ထောက်ရင်းခန္ဓာကိုယ်ကိုထိန်းသိမ်းလိုက်သည်။သက်တန့်ရဲ့ခံစားချက်တစ်ချို့လေးလံလာသလိုထင်မိသည်။ထို့နောက် အိမ်မက်မက်သလိုမျိုး ပုံရိပ်တွေက နီးလာလိုက်၊ဝေးသွားလိုက်ဖြင့် သက်တန့်ကိုတစ်နေရာရာသို့ဆောင်ယူသွားသလိုခံစားလိုက်ရသည်။

သက်တန့်ရဲ့ကိုယ်ထဲမှတစ်စုံတစ်ရာသည် ပျောက်ကွယ်သွားသလိုခံစားရသည်။လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခုကိုလွှတ်ချလိုက်ရသကဲ့သို့ခံစားရသည်။

သက်တန့်ခံစားရသောထိုဖြစ်စဉ်သည် ခဏတာသာဖြစ်သည်။အရာရာသည် ဘာမှမဖြစ်ခဲ့သလိုပြန်လည်ငြိမ်သက်သွားသောအခါ သက်တန့် စဉ်းစားရခက်သွားခဲ့သည်။

ပို၍ထူးဆန်းတာက ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဘာကိုမှစဉ်းစားလို့မရတော့ခြင်းဖြစ်သည်။စဉ်းစားမရသည့်အရာကို ဒီအတိုင်းလေးပဲထားလိုက်ဖို့ သက်တန့်တွေးမိသည်။အခုလက်ရှိတွေးဖို့လိုနေသည့်တစ်ခုထဲသောအရာက နန်းဆက်ဖြစ်သည်လေ။

နန်းဆက်ဖုန်းပြောပြီးသည့်အချိန်နှင့်ကွက်တိ သက်တန့်ရောက်လာခဲ့သည်။ဖုန်း‌ပြောနေခြင်းကိုမသိစေရန် သက်တန့်မမြင်အောင် ဖုန်းကိုချထားလိုက်သည်။

"ရပြီနန်းဆက်"

"ကျေးဇူး.....ကလေးမ"

နန်းဆက်က သက်တန့်လှမ်းပေးတာကိုယူလိုက်သည်။ဇွန်းကိုယူလိုက်ချိန်၌ နန်းဆက်က သူမ၏ရင်ဘတ်ကိုဖိလိုက်သဖြင့် ကိုယ်တိုင်ကိုင်တွယ်စားသောက်ဖို့ ခက်ခဲနေကြောင်း သက်တန့်သတိပြုမိလိုက်သည်။

"သက်တန့် ခွံ့ကျွေးမယ်။ရှင်သက်သာအောင်..."

"အလိုက်သိလွန်းတာပဲ"

"စကားမများစမ်းပါနဲ့နန်းဆက်ရယ်။သက်တန့်ခွံ့‌ကျွေးတာကိုလိမ်လိမ်မာမာစားစမ်းပါ။သိပ်စကားများလွန်းတယ်"

"မင်းက ကိုယ့်စကားနဲ့ကိုယ့်ကိုပြန်တိုက်ခိုက်နေတာလား"

"နန်းဆက်...ပါးစပ်ဟ....စားစရာရှိတာစားစမ်းပါ"

သက်တန့်မျှော်စင်💛Where stories live. Discover now