Chapter(19)

111 7 0
                                    

နောက်ဆုံးတွင်သက်တန့်မျှော်လင့်ခဲ့သောပန်းချီပြပွဲကိုပြုလုပ်နိုင်ခဲ့သည်။လူအများက သက်တန့်ကို ချီးကျူးစကားဆိုကြသည်။နန်းဆက်ကတော့ အခန်းထောင့်ရှိနံရံကိုမှီရပ်ရင်း သက်တန့်ကိုခပ်ငေးငေးလေးကြည့်နေခဲ့သည်။

သက်တန့်အပေါ်တွင် သူမရဲ့ခံစားချက်တို့ကိုထုတ်ဖော်မပြတတ်သည့်အားလျော်စွာ နန်းဆက်ကအမြဲတမ်းခပ်တည်တည်ရှိနေတတ်သည်။နန်းဆက်တစ်ယောက်ထဲဖြစ်နေသည့်အတွက် အဖော်လုပ်ပေးဖို့ သူမရဲ့အနားသို့သွားလိုက်သည်။

"ပျင်းနေပြီလား နန်းဆက်"

"ကိုယ်အခုပြန်တော့မှာကလေးမ။မင်းလုပ်စရာရှိတာလုပ်ပါ။ကိုယ့်ကို အားမနာနဲ့"

"အရာရာအတွက်ကျေးဇူးတင်ပါတယ် နန်းဆက်"

"မင်းအဆင်ပြေရင်ပြီးတာပါပဲ"

"ရှင်ကလည်းနော်။သက်တန့်ကို ဘယ်တော့မှလှိုက်လှိုက်လှဲလှဲမရှိဘူး"

"အဲ့ဒီလိုလုပ်ပြဖို့မလိုအပ်ဘူးလို့ထင်တယ် ကလေးမ။ကိုယ့်အတွက် အပိုတွေလုပ်ရတာအဆင်မပြေလို့"

နန်းဆက်၏စကားကြောင့် သက်တန့် စိတ်လေသွားရသည်။နန်းဆက်က ဘာကြောင့်နဲ့မှ စကားအကောင်းပြောဖို့ ဆန္ဒရှိဟန်မတူပါလားဟု သက်တန့်တွေးမိလာသည်။ဒါပေမယ့် အခုလောလောဆယ်နန်းဆက်အနားမှာသက်တန့်ရှိနေချင်သေးသည်။မိမိကို မကြင်နာသောမိန်းမအနားမှာနေချင်မိသော ကိုယ့်ကိုယ်ကိုလည်း သက်တန့်အံ့ဩမိသည်။

"ကဲပါ။သက်တန့်ကအပိုတွေလုပ်တယ်ပဲထားပါတော့။သက်တန့် ကော်ဖီသောက်ချင်တယ်"

"ဘယ်လို......"

"သက်တန့်ကို ကော်ဖီလိုက်ဝယ်တိုက်လို့"

"မင်းကိုကော်ဖီတိုက်ရမယ်။ဟုတ်လား။တောင်းဆိုရဲလိုက်တာ"

နန်းဆက်ကသက်တန့်ကို ခပ်တင်းတင်းကြည့်ရင်းပြောလိုက်သဖြင့်သက်တန့်မျက်နှာလေးရှိအပြုံးတို့ပျောက်ကွယ်သွားကြသည်။နန်းဆက်ကသက်တန့်၏ပုံစံကိုမဲ့ပြုံးလှလှလေးတစ်ချက်ဖြင့်ကြည့်၍ထိုနေရာမှထွက်သွားခဲ့သည်။သက်တန့်က ထိုနေရာတွင်ငြိမ်ငြိမ်လေးကျန်ရစ်ခဲ့သဖြင့်ပြန်လှည့်ကြည့်၍နန်းဆက်ပြောလိုက်သည်။

သက်တန့်မျှော်စင်💛Where stories live. Discover now