လပြည့်နေ့ဖြစ်သည့်အလျောက် ကောင်းကင်ကျယ်ကြီးတွင် ငွေရောင်လ၀နးကြီးကထိန်ထိန်သာ လျက်ရှိသည် မြင့်မားစောက်မက်လှသော တောင်ကုန်းမြင့်ကြီးပေါ်တွင် လူငယ်လေးတယောက်က မတ်တပ်ရပ်လျက်ရှိသည် အဖြူရောင် ခပ်ပါးပါးရှပ်ကိုသာ ၀တ်ဆင်ထားသဖြင့် အတွင်းပိုင်းထိထိုးဖောက်မြင်နေရသည် တလှမ်းခြင်းလျောက်သွားသော ထိုလူသားရှေ့တွင် ခြေချစရာ မြေမရှိတော့ တလှမ်းလောက်ဆက်ကာ လှမ်းလျှင် ချောက်နက်ကြီးထဲသို့ ထိုးကျပေလိမ့်မည် ခြေလှမ်းတို့ရပ်သွားချိန်တွင် နောက်ကျောဘက်မှ အသံများကို ကြားလိုက်ရသည်
"အ့ကောင်လေးလေ သူ့ကြောင့် သူ့မိဘတွေ ဆုံးသွားတာ"
" အ့ကောင်လေးပေါ့ ဂြိုလ်ကောင်လေး သူ့
မိဘတွေက လူကြီးလူကောင်းတွေသူတို့မ
သေသင့်ဘူး အ့ဒီအစား ခိုက်တဲ့ အ့ကလေး
သေရမှာ သူကြောင့်ပေါ့ သူ့အမလည်း သေ
သွားတာ သူ့ကြောင့်လေ သူ့သူငယ်ချင်းသေ
သွားတာ"
ထိုသူ့ကြောင့် ဆိုတာသာ ထပ်ကာ
ထပ်ကာ ကြားနေရသည် ပါးစပ်မှ စကားတို့က ထွက်မကျလာ ခေါင်းသာ အသွင်သွင်ခါရင်း စီးကျလာသောမျက်ရည်တို့ကို သုတ်ပစ်လိုက်မိသည်"ဖေဖေ မေ မမ ကျနော် လိုက်ခဲ့တော့မယ်နော်
အရာ အားလံုးကိုအရူံးပေးချင်ပြီ မမကို
ပေးခဲ့တဲ့ ကောင်းကောင်းမွန်မွန်ရှင်သန်ပါ့
မယ်ဆို့တဲ့ ကတိကိုမတည်နိုင်လို့ ကျနော့်ကို
ခွင့်လွှတ်ပေးပါ ဟင့် "
ထိုနောက်မျက်စိစုံမှိတ်ကာ ချောက်ကမ်းပါးပေါ်မှ ခုန်ချလိုက်မိသည်
' ဝုန်း။ 'ဒုန်း
"အဟင့် ဟင့်"
အပြာရောင် အိပ်ရာခင်းလေးပေါ်တွင်ကောင်လေးတယောက် ပါးပြင်ပေါ်တွင်မျက်ရည်များစီးကျကာ မျက်စိတို့ကတော့ စုန်းစုန်းမှိတ်လျက်
" ရာရာ ရာရာ"
မြတ်ကိုေမာင်တယောက် အိမ်မက်စေရာဆိုသော သူငယ်ချင်းဖြစ်သူအား အကြိမ်ကြိမ်ခေါ်နိုးသော်လည်းမထူးခြား ရိူက်သံသာကြားနေရသည့်အတွက် ရင်မှာလည်း ပူလောင်လာသည် နောက်ဆုံး ဘလိုမှ ခေါ်မရတဲ့အဆုံးတော့ တံခါးဖျက်၀င်ဖို့သာလုပ်ရတော့သည်