Chapter - 119

1.1K 113 5
                                    

Unicode

၁၁၉။ အချပ်ပို (၁)

[ကိုယ်ပြန်လာပြီ။] - ကျန်းချန်။

သူ့ဖုန်းကို ငါးစက္ကန့်မျှစိုက်ကြည့်နေမိပြီး‌နောက် ရှန်ယန် သူ့လက်ညှိုးကိုမြှောက်ကာ သူ ဘယ်အချိန်ကaddထားမိမှန်းမသိသည့် လူတစ်ယောက်၏Wechat iconကို တည်ငြိမ်စွာဖြင့်နှိပ်လိုက်သည်။ Iconကား ခပ်ဝါးဝါးပုံတစ်ပုံဖြစ်ကာ သူ အဲ့ပုံကိုနှိပ်ကြည့်ပြီးတာတောင် ဘာပုံလဲမပြောနိုင်။ သို့သော်ငြား သူ့နှလုံးသားလေးအပြင်းအထန်လှုပ်ခတ်သွားရကာ ဒီသိပ်မရင်းနှီးလှတဲ့ပုံက ဘာလဲဆိုတာကို ရှန်ယန် သဘောပေါက်သွားသည်။

ပုံက လက်စွပ်တစ်ကွင်းရဲ့ပုံဆိုတာကို သူ သေချာသလောက်နီးနီးရှိနေသည်။ ဈေးပေါကာရိုးရှင်းပြီး 'SY'ဆိုတဲ့စာလုံးနှစ်လုံးကလွဲပြီး ဘာအပြင်အဆင်မှမရှိတဲ့ ငွေရောင်လက်စွပ်လေးတစ်ကွင်း။

သူ့လက်တွေ တုန်ယင်သွားရကာ ရှန်ယန်တစ်ယောက် တုန့်ဆိုင်းမှုမရှိ ထိုလူကို တစ်ခါတည်းblockပစ်လိုက်သည်။

ခပ်လှမ်းလှမ်းမှာ မီးပန်းတွေဖြာထွက်လာကာ နှစ်သစ်ကူးခံစားချက်က နေရာအနှံ့။ တစ်မိသားစုလုံး ဧည့်ခန်းမှာထိုင်ကာ တီဗွီကြည့်နေကြခြင်းဖြစ်၏။ ခေါင်းမော့မိချိန်မှာ သူ့ကိုကြည့်ကာမေးခွန်းထုတ်လာတဲ့ရှန်ဖူ့ကို ရှန်ယန်မြင်လိုက်ရသည်။

"တစ်ခုခုဖြစ်လို့လား?"

ရှန်ဖူ အကဲခတ်တော်တာပဲလား ဒါမှမဟုတ် ညီအစ်ကိုတွေက အချင်းချင်းဘာဖြစ်နေလဲခံစားမိနိုင်တာလားဆိုတာကို ရှန်ယန်မပြောနိုင်တာမို့ သူ ပြုံးကာသာဆိုမိရသည်။

"ဘာမှမဟုတ်ဘူး။"

ပြီးနောက် သူက ဖုန်းကိုသိမ်းလိုက်ကာ အပေါ်ထပ်တက်သွားသည်။

"ငါ နည်းနည်းပင်ပန်းနေလို့ စောစောအိပ်တော့မယ်။"

မေမေရှန်က သူ့ကို ဇဝေဇဝါကြည့်လာသည်။

"စောသားပဲ၊ ရှစ်နာရီပဲရှိသေးတာ။"

ရှန်ယန်က ပြန်မဖြေပဲ အပေါ်ထပ်ဆက်တက်သွားသည်။ ရေချိုးပြီး ကုတင်ပေါ်လှဲလိုက်ချိန်မှာတော့ သူ နည်းနည်းမှအိပ်ချင်စိတ်ရှိမနေမှန်း သူ သတိထားလိုက်မိသည်။ သူ မျက်နှာကြက်ကို မနက်လင်းတဲ့အထိစိုက်ကြည့်နေမိပြီးမှ အိပ်ပျော်သွားသော်ငြား သိပ်မကြာခင်မှာပင် မေမေရှန့်တံခါးခေါက်သံကြောင့် သူ နိုးလာတော့သည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now