အပိုင်း ၂၉

19.6K 1.2K 10
                                    


''ပြန်လာကြပြီ''

တံခါးမကြီးကနေ ဒေါ်စုံရဲ့အသံကြောင့် ဆက်ထင် မတ်တပ်ရပ်နေရာမှ ထိုင်ခုံတွင်ပြောင်းထိုင်လိုက်သည်။

''ဒေါ်စုံတို့သွားအိပ်ချေတော့ ခတ္တာရော ရီရီ့ကိုပါ ကျုပ်ဆီလွှတ်လိုက်''

''ဟုတ်ကဲ့သူဌေးကြီး''

ဆက်ထင်ပြောလိုက်သောအခါ ဒေါ်စုံတို့ရော ဘထွန်းတို့ပါ အိမ်ကြီးထဲမှထွက်သွားကြ၏။ အချိန်အားဖြင့် ည၁၁ နာရီတီးခါနီးပြီဖြစ်သည် မလို့ ဒေါသစိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ထားရသည်။အခုချိန်ထိတစ်အိမ်လုံး စိတ်တပူပူနှင့်မအိပ်ကြရသေး ပွဲထဲလိုက်သွားရမလိုလို လူပျောက်ပဲတိုင်ရတော့မလိုလိုနှင့်။

အနားသို့ခေါင်းလေးကိုယ်စီငုံ့ထားရင်းရောက်လာသည့်နှစ်ယောက်ကိုကြည့်ပြီး ဆက်ထင် သက်ပြင်းတချက်ချမိသည်။ဘယ်အချိန်ကတည်းက အပြင်တူတူထွက် လောက်တဲ့အထိ ရင်းနှီးသွားကြလဲဆက်ထင်အမှန်တကယ်မသိလိုက်။

''ဘာတွေလုပ်နေလို့များအခုချိန်မှပြန်ရောက်ကြတာလဲ''

နှစ်ယောက်စလုံးခေါင်းငုံ့ကာငြိမ်သက်နေကြသည်မလို့ဆက်ထင်စိတ်မရှည်နိုင်။ယောကျာ်းသားနှင့်မိန်းမသားတစ်ယောက်အချိန်မတော်တရော်ထွက်လို့စိတ်ဆိုးသည်ထပ်မကြာခင်ညဥ့်နက်တော့မည်ဒီအချိန်ကြီးအပြန်လမ်းမယ်အန္တရယ်ကြုံလာခဲ့ရင် သိလိုက်မည်တောင်မဟုတ် နှစ်ယောက်စလုံးတစ်ခုခုဖြစ်ပါက ဆက်ထင်ဘယ်လောက်တောင်ကမ္ဘာပျက်သွားပါမလဲတွေးကြည့်ရင်းရင်မောသည်။

''မေးနေရင်ဖြေရမယ်ဆိုတာမသိသလား''

''ကိုကိုကြီး ခတ္တာကိုမဆူပါနဲ့လား ခတ္တာကစောစောပြန်မယ်ခဏခဏပြောပါရဲ့မေရီကသာသူငယ်ချင်းတွေဆွယ်တာနဲ့ပဲဇာတ်ဝင်ကြည့်လိုက်မိတာရယ်ပါ''

မေရီကပြောလာတော့ ခတ္တာက ပြာပြာသလဲလဲနှင့်ခေါင်းခါပြီး ဆက်ထင်အားကြည့်လာကာ။

''မဟုတ်ပါဘူးမေရီဇာတ်ကြည့်နေတုန်းကျွန်တော်လျှောက်သွားနေမိလို့အဖွဲ့ကွဲသွားတာအဲ့တာမေရီကကျွန်တော့်ကိုလိုက်ရှာရင်းပိုနောက်ကျသွားတာပါ ကျွန်တော့်အပြစ်လဲမကင်းပါဘူး မေရီ့ကိုလဲမဆူပါနဲ့ခဗျ''

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now